Thursday, October 2, 2014

ကွတ်ခိုင် တာမိုးညဲဒေသတွင် TNLA / KIA /MNDAA တပ်မတော်နှင့်မြန်မာ့စစ်တပ် တိုက်ပွဲပြန်ဖြစ်

ကွတ်ခိုင် တားမိုးညဲမြို့နယ် ခွဲ၊ ပန် ဖျက်ကျေးရွာ အနီးတွင် TNLA / KIA / MNDAA တပ် မတော် တို့် နှင့်မြန်မာ့ စစ်တပ် နံနက်ပိုင်း ( ၁၀ ) နာရီမှစ၍ တိုက် ပွဲဖြစ် ပွားနေ သည်။

မြန်မာ့ စစ်တပ်ဘက် တွင် တပ်မ (၁၁) ဖြစ်ပြီး တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်မှ အမှတ် (၄)ဗျူဟာ လက်အောက်ခံ TNLA တပ်ရင်း (၈၁၈)နှင့် KIA တပ်မတော်မှ ပြည့်သူစစ်အဖွဲ့၊ MNDAA ကိုးကန့်တပ်မတော်တို့ဖြစ်သည်။


နံက်ပိုင်း ၁၀း၀၀ မှစပြီး အပြန်အလှန် ပစ်ခတ်မှု စတင်ဖြစ်ပွားကာ ယခုသတင်းရေးသားသည့် ၁ နာရီ ၀န်းကျင်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း အရှေ့တန်းမှ အရာရှိတစ်ဦးမှ ဆိုသည်။

မြန်မာစစ်တပ်တို့မှာ လွန်ခဲ့သည့် ရက်ပိုင်းများကတည်းက တိုင်းရင်းသားပူးပေါင်းတပ်ဖွဲ့များ၏ လမ်းကြောင်း ပိတ်ဆို့နေမှုကြောင့် တိုက်ပွဲဖြစ်ပွားရန် ရှိနေသည့်အနေအထားမှ ယနေ့တိုက်ပွဲဖြစ်ပွား စတင်ဖြစ်ပွားနေသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။