Wednesday, October 8, 2014

KIO မှ ရွှေမှော် ပရင်းမှော်သို့သွားသည့်သူများအား စီစစ်လျက်ရှိ

(Kachin Waves)

တနိုင်း ဟူးကောင်းဒေသ ကေအိုင် အို ထိန်းချုပ် နယ်မြေရှိ ရွှေမှော် ပရင်းမှော်များ သို့ ၀င်ရောက်မည့် ပြည်သူ များအား ကေအိုင်အို မူးယစ်ဆေးဝါး တားမြစ် လုပ်ဆောင် သည့် အနေဖြင့် ဆီးစစ် စစ်ဆေးမှု အစီအစဉ် များပြုလုပ် လျှက်ရှိကြောင်း သတင်းရရှိသည်။

“ဒီကိုလာရင် ဘယ်လောက်အရေးကြီးတဲ့လူဖြစ်ရင်လည်း ဆီးအရင်စစ်ရတယ်။ ဆီး အောင်ရင် ပြန်ခေါက်ရတယ်။ဆီးအောင်တဲ့ လူတွေဒီကိုဝင်လို့မရဘူး။”ဟု တနိုင်းဒေသ ကေအိုင်အေ တပ်မဟာ (၂) တည်ရှိရာ အောင်လောဒ်သို့ သွားရာလမ်းတွင် ဆီးစစ်ပေးနေသည့် ကေအိုင်အို ၀န်ထမ်းတစ်ဦးမှဆိုသည်။



ကေအိုင်အေ ထိန်းချုပ်နယ်မြေရှိ လမ်းခရီးတွင်သာမက ကေအိုင်အေ စစ်တပ်များတွင်လည်း ဆီး စစ်လျှက်ရှိပြီး ဆီးအောင်သည့် ကေအိုင်အေ စစ်သားများအား အကျဉ်းချပြီး မူးယစ်ဆေးဝါး ဖြတ်ပေးလျှက်ရှိကြောင်းလည်းကေအိုင်အေ အရာရှိတစ်ဦးမှဆိုသည်။

“ဆီးစစ်လွန်းလို့ မူးယစ်သုံးစွဲသူတွေ ဘယ်မှမသွားရဲကြဘူး။ဆိုင်ကယ် ကယ်ရီမောင်းတဲ့လူတွေလည်း သိပ်မသွားရဲကြဘူး။သွားရင်လည်း ဆီးအောင်ရင် ပြန်ခေါက်ရတယ်။ သူတို့နယ်မြေထဲ ၀င်လို့မရဘူး။”ဟု တနိုင်းရှိ ရွှေမှော် ပရင်းမှော်များသို့ ခရီးသွားခဲ့သူ ဦးတန်ခမ်မှဆိုသည်။

တနိုင်းဒေသ ကေအိုင်အေ တပ်မဟာ(၂) နေရာတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် ကေအိုင်အေ စစ်သားများ အယောက် ၁၅၀ ယောက်ခန့်အား အကျဉ်းချထားကြောင်းလည်း တပ်မဟာ (၂)ရှိ ကေအိုင်အေ အရာရှိတစ်ဦးမှဆိုသည်။

မူးယစ်ဆေးဝါးသုံးစွဲသူများအား ဆီးစစ်ခြင်းသည် တနိုင်းဒေသတွင်သာမက ကေအိုင်အေထိန်းချုပ်နယ်မြေရှိ နေရာတိုင်းတွင် ဆီး စစ်လျှက်ရှိကြောင်းလည်းသိရသည်။




No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။