Thursday, October 9, 2014

ရှမ်း/မြောက် KIA,တပ်ရင်း(၉)ဒေသတွင် တိုက်ပွဲ ဖြစ် အစိုးရတပ်မှ လက်နက်ကြီးများ ထပ်မံသယ်ဆောင်လာ

(Lachid Kachin)

ရှမ်းပြည် နယ်မြောက် ပိုင်း ကေအိုင်အေ တပ်မဟာ (၄) လက်အောက်ခံ
ကေအိုင်အေ တပ်ရင်း (၉) နယ်မြေ အတွင်းသို့ တာမုံန်းညှဲ ဘက်မှ ကျူး ကျော် ၀င်ရောက် လာသော မြန်မာ အစိုးရ စစ်တပ် (ခလရ-၂၉၀) တပ် မှ စစ်ကြောင်းနှင့် မိမိတို့ ကေအိုင်အေ တပ်ရင်း (၉) တပ်ဖွဲ့ တို့ (၈.၁၀.၂၀၁၄) ရက်နေ့ နံနက် (၈း၃၀) အချိန် ခန့် ၌ ဒပ်နိုင် အနီး တွင် ထိပ်တိုက်ရင် ဆိုင် တိုက်ပွဲ ဖြစ်ပွား ကြောင်း ကေအိုင်အေ ရှေ့တန်း အရာရှိများထံမှ သတင်းရရှိပါသည်။


ထို့ အပြင် (၈.၁၀.၂၀၁၄)ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း မှုဆယ် (၁၀၅) မိုင်
ဂီတ် မှဖြတ်သွား သော မြန်မာ အစိုးရ စစ်တပ် (ခလရ-၄၅) တပ်သည် ယခု အခါ
KIA, နယ်မြေ ဖြစ်သော နမ့် တောင်းဘက်သို့ ရောက်ရှိ သွားပြီ ဖြစ်ကြောင်း
၎င်း စစ်ကားကြီး တွင် စစ်သား များ၊ စစ်လက် နက်များ နှင့် အတူ (၈၁-မမ)
လက်နက်ကြီး (၂) လက်လည်း တင်ဆောင်လာကြောင်း ကေအိုင်အေ ရှေ့တန်း
အရာရှိများထံ မှ သတင်းရရှိပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။