Thursday, October 16, 2014

KIA,တပ်ရင်း (၂) ဒေသတွင်တိုက်ပွဲအ ပြင်းအထန်ဖြစ်။ KIA,တပ်ရင်း(၁၄)ဒေသတွင်ဂျက်တိုက်လေယာဉ်လာရောက်ပျံဝဲ

(Lachid Kachin)

ရှမ်းပြည်နယ်မြောက်ပိုင်း KIA, တပ်မဟာ (၄) လက်အောက်ခံ KIA,တပ်ရင်း
(၂) ဒေသ ဖြစ်သော ဂျယ်ဆိုင်း နှင့် တိန်းဂေါက် ကျေးရွာ ဘက်သို့ ထိုးစစ်ဆင်
ကျူး ကျော် ၀င်ရောက် လာ သော မြန်မာ အစိုးရ စစ်တပ် နှင့် ကေအိုင်အေ
တပ်ရင်း (၂) တပ်ဖွဲ့ တို့ ယနေ့ နံနက် (၁၅.၁၀.၂၀၁၄) ရက်နေ့ နံနက် (၁၁း၃၀)
နာရီ အချိန်ခန့် တွင် အပြင်း အထန် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ ကြောင်း ကေ
အိုင်အေ ရှေ့တန်း အရာရှိများထံ မှ သတင်းရရှိပါသည်။


ထို့အပြင် ကချင်ပြည်နယ် ကေအိုင်အေ အနောက်ပိုင်းတိုင်းဒေသ ဖြစ်သော
ကေအိုင်အေ တပ်မဟာ(၂) လက်အောက်ခံ ကေအိုင်အေ တပ်ရင်း(၁၄)
ဒေသ အတွင်း တနိုင်း ဘက်သို့ ယမာန် နေ့ (၁၄.၁၀.၂၀၁၄)ရက်နေ့ ၌ မြန်မာ
အစိုးရ စစ်တပ်၏ စစ်ဂျက် တိုက်လေယာဉ် တစ်စီး သည် (၂.၃)ခေါက်
ခေါက်တုန့် ခေါက်ပြန်လာရောက် ပျံဝဲပြီး မြစ်ကြီးနား သို့ ပြန်လည် လှည့် ပြန်
သွားကြောင်း ဒေသခံ များထံမှ သတင်းရရှိပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။