Tuesday, October 28, 2014

ကုမ္ပဏီများလုပ်ငန်းပြန်လည်စတင်လာခြင်းအားမလိုလားသဖြင့် ဖားကန့် ဒေသခံများမှသမ္မတထံ ကန့်ကွက် စာတင်

(Kachin Waves)

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ကုမ္ပဏီများမှ စက်ယန္တားများ ဖြင့် ကျောက်စိမ်းပြန်လည်တူးဖော်လုပ်ကိုင်လာ ခြင်းအား ဒေသခံ ပြည်သူလူ ထုများမှ မလိုလားသဖြင့် ၂၂.၁၀.၂၀၁၄၌ နိုင်ငံတော်သမ္မထံ ကန့်ကွက် စာတင်လိုက်ပြီဖြစ်သည်။

ဒေသခံများမှာ ကုမ္ပဏီများ ယခုလို လုပ်ငန်းပြန်လည်စတင်လာခြင်းကြောင့် ၄င်းတို့နေထိုင်သည့် ရပ်ကွက်၊ ကျေးရွာများကို စက်ယန္တားများဖြင့် တူးဖော်လုပ်ကိုင်ခြင်းကြောင့် လျင်မြန်စွာပျက်စီးယိုယွင်းလာခြင်း နှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းတို့ဖြစ်ပေါ်လာမှုကြောင့်ယခုလိုစာတင်ခြင်းဖြစ်ကြောင်းသိရသည်။


အဆိုပါ ကန့်ကွက်စာတွင် ဒေသခံများအပါအဝင် ကန့်ကွက်လက်မှတ်ရေးထိုးသူပေါင်း (၄၉၂၃) ဦးရှိကြောင်း သိရသည်။




No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။