Wednesday, October 15, 2014

ရခိုင်နှင့် ကချင် နေရာအချို့သို့ မသွားရန် ဗြိတိန်အစိုးရသတိပေး

(Mizzima)

လက်နက်ကိုင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားဖွယ် ရှိသည့်အတွက် အန္တရာယ်ရှိနိုင်ခြင်းကြောင့် ရခိုင်နှင့် ကချင်ပြည်နယ်တို့ သို့ ဗြိတိန်နိုင်ငံသားများသွားလာခြင်း မပြု ရန် အောက်တိုဘာ ၁၄ ရက်က သတိပေးချက် ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ်တွင် ငပလီကမ်းခြေနှင့် ကချင်ပြည်နယ်တွင် မြစ်ကြီးနား၊ ဗန်းမော်၊ ပူတာအို မြို့များသို့ မဖြစ် မနေသွားလာရ မည့်ကိစ္စများမှလွဲ၍ ခရီးသွားလာခြင်းမပြု ရန်နှင့် မဖြစ်မနေ သွားလာရပါကလည်း သတိပြု သွားလာရန် ဗြိတိန်နိုင်ငံအစိုးရ အဖွဲ့က သတိပေးထုတ်ပြန်ထားသည်။

 
ကချင်ပြည်နယ် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးတော်ဆောင်အဖွဲ့ဝင် ဦးခွန်အောင်က “အစိုးရက ခွင့်ပြုလို့ လာရင်တော့ ဘာမှမဖြစ်ပါဘူး။ UN အဖွဲ့အစည်းကလူ တွေကတော့ သွားလာနေကြတာပဲ။ နိုင်ငံခြား ခရီး သွားတွေအတွက်တော့ လုံခြုံမှုရှိ၊ မရှိကို မပြောတတ်ဘူး” ဟု ပြောသည်။

ထိုင်း၊ တရုတ်နှင့် လာအို နယ်စပ်ဒေသများတွင် အထူးသတိ၊ ၀ီရိယရှိရန်လည်း တိုက်တွန်းထားသည့်အပြင် ဆန္ဒပြပွဲ၊ လူစုလူဝေး၊ စစ်သား၊ ရဲသားများကို ရှောင်ရှားရန်နှင့် ဆန္ဒပြပွဲများကို ဓာတ်ပုံမရိုက်ရန် ဗြိတိန်အစိုးရ က တားမြစ်ထားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။