Monday, October 27, 2014

အမေရိကန်သံအမတ်ကြီး ကချင်ပြည်နယ် ရောက်ရှိ

(RFA)

မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Derek Mitchell ဟာ မြစ်ကြီးနားမြို့ အခြေ စိုက် ကေအိုင်အို နည်းပညာ အကြံပေးအဖွဲ့နဲ့ မနေ့က တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။

ဆွေးနွေးမှုနဲ့ပတ်သက်ပြီး ကေအိုင်အိုနည်းပညာ အကြံပေးအဖွဲ့ရုံးရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါး ကအခုလို ပြောပါတယ်။


"ကျနော်တို့ ဖားကန့်ဒေသ အခင်းအကျင်းတွေ လက်ရှိဆွေနွေးနေတဲ့ အခင်းအကျင်းတွေ အခြေအနေ IDP နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဒါတွေကို ကျနော်တို့ ထပ်ပြီးဆွေးနွေးပေးပါတယ်၊ ကျနော်တို့ သူတို့ဘက်ကနေ စိတ်ဝင်စားမှုပြတဲ့အပေါ်မှာ ကျနော်တို့ဘက်က ကျေးဇူးတင်ပါတယ်"

အမေရိကန်သံအမတ်ကြီးဟာ မနေ့ညနေပိုင်း က မြစ်ကြီးနားမြို့ အခြေစိုက်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG နဲ့လည်းတွေ့ ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒါ့ပြင် စစ်ဘေးကယ်ဆယ်ရေးစခန်းတစ်ချို့ကို သွားရောက်လေ့လာ မှာဖြစ်သလို၊ လူမှုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

အမေရိကန်သံအမတ်ကြီး Derek Mitchell ရဲ့ အခု မြစ်ကြီးနာမြို့ ခရီးစဉ်ဟာ တတိယအကြိမ်မြောက်ဖြစ်ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။