Monday, September 1, 2014

UNFC အဖွဲ့ဝင်အဖြစ်ပါဝင်မှုမှ KNU ရပ်ဆိုင်းကြောင်း

(ဧရာဝတီ)

ကရင်အမျိုးသား အစည်းအရုံး (KNU) အနေဖြင့် ညီညွတ်သော တိုင်းရင်းသားလူမျိုး များ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ ၀င်အဖြစ်မှ ရပ်ဆိုင်းကြောင်း ယနေ့နံနက်က ကြေညာ လိုက်ပြီဖြစ်သည်၊ ဥက္ကဌ စောမူတူးစေဖိုး လက်မှတ် ထိုးထုတ်ပြန်သည့် ကြေ ညာ ချက်တွင် UNFC အနေဖြင့် လက်ရှိနိုင်ငံရေး အခြေအနေနှင့် ကိုက်ညီသော ပြုပြင်ပြောင်းလဲမှု မပြုလုပ်ပါက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ပူးပေါင်း ဆောင်ရွက်မှုကို ထိခိုက် စေနိုင်သည်ဟု KNUက ယူဆသည့်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပိုမိုအင်အားတောင့်တင်းစွာဖြင့် မှန်ကန်သည့် အခြေခံပေါ်တွင် ပူးပေါင်းလုပ်ဆောင်မည့် အကြုံပြုချက်များပါသည့် စာတမ်းတစောင်ကို ပထမအကြိမ်ကျင်းပသည့် UNFC အစည်းအဝေးတွင် တင်သွင်းခဲ့ကြောင်း၊ ယင်းကိစ္စကို အကြေ အလည် ဆွေးနွေးနိုင်ခြင်း မရှိသည့် အတွက် KNU အနေဖြင့် ညီလာခံကို ဆက်လက်မတက်ရောက်တော့ခြင်းဖြစ်ကြောင်း ၊ထို့အတွက် ရှေ့ညီလာခံအတွက် KNUမှ ကိုယ်စားလှယ်များ စေလွှတ်ခြင်း ပြုလုပ်မည် မဟုတ်တော့ဟုလည်းပါရှိသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။