Monday, September 8, 2014

ရှမ်းမြောက် KIA တပ်မဟာ(၄) တွင် တိုက်ပွဲဖြစ်

(Lachid Kachin) (Myutsawkasa)

ရှမ်းပြည်မြောက်ပိုင်းKIA တပ်မဟာ(၄) လက်အောက်ခံ
KIA, တပ်ရင်း (၉) နယ်မြေ ဖြစ်သောဟူးဖြတ်ကျေးရွာ
အနီးသို့ (၂၀၁၄၊စက်တင်ဘာ(၆)ရက် ယမာန်နေ့  နေ့ 
လည်ပိုင်း တွင် KIA တပ် ဖွဲ့ များနှင့်  မြန်မာအစိုးရတပ်
(ခမရ-၃၂၃) တပ် တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း
သတင်းရရှိပါသည် ။


ရုတ်တရက် ထိုးစစ်ဆင် ၀င်ရောက်လာသော အစိုးရ
စစ်ကြောင်းအား ဟန့် တား တိုက်ခိုက်ရင်း တိုက်ပွဲ
ပြင်းထန်စွာ ဖြစ်ပွားရခြင်းဖြစ်ကြောင်း ကေအိုင်အေ
ရှေ့ တန်း မှ အရာရှိများပြောပါတယ်။

မိမိ ကေအိုင်အေ တပ်များ နေရာယူထားရာ သို့ အတင်း ထိုးစစ်ဆင်ကျူးကျော်ဝင်ရောက်လာခြင်း ကြောင့် အစိုးရ
တပ်များ အထိနာနိုင်ကြောင်း သိရပြီး မည်မျှထိခိုက်
ကျဆုံးကြောင်း ကိုတော့ ထပ်မံစုံစမ်းနေဆဲဖြစ်ကြောင်း
သိရှိရပါသည် ။

1 comment:

  1. နောက် ဆုံးတော့ မင်းတို့ ပြေး၇တာပဲမလား။စခန်းအတိအကျမနေနိုင်တဲ့ ကောင်တွေ။323 ကျောက်မဲ FIGHTER ကွ။

    ReplyDelete

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။