Monday, September 8, 2014

ကျောက်မျက်လုပ်ငန်းရှင် အချို့ကို KIA ခေါ်တွေ့

(7 days news)

ကေအိုင်အေက ဖားကန့်ဒေသ ရှိ ကျောက်မျက် တူးဖော် ရေးကုမ္ပဏီအချို့ ကို ခေါ် ယူတွေ့ ဆုံခဲ့ကြောင်း သတင်းရရှိ သည်။

ဖားကန့်ကျောက် စိမ်းလုပ် ကွက်များပြန် လည်ခွင့်ပြုခဲ့ခြင်း နှင့် စပ်လျဉ်း၍ ၎င်းတို့နှင့် ရင်းနှီး သည့် ဆက်ဆံရေး ရှိသော ကုမ္ပ ဏီအချို့ကို ကေအိုင်အေတပ် မဟာ (၂) လက်အောက်တပ်ရင်း(၆) က ခေါ်ယူတွေ့ဆုံပြီး ကုမ္ပဏီများ၏ သဘောထားအမြင်များ ကို မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း ကေအိုင် အိုထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကပြောသည်။


‘‘ခင်တဲ့သူတွေကို ခေါ်ပြီး သဘောထားမေးတာပါ။ မလာ မနေရမဟုတ်ပါဘူး’’ဟု အထက် ပါပုဂ္ဂိုလ်က ဆိုသည်။

ယင်းသို့ တွေ့ဆုံရာတွင် လက်ရှိနိုင်ငံရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အခြေအနေအရ တိုက်ပွဲများ ဖြစ်ပွားနိုင်မှုနှင့် ပတ် သက်၍ ကေအိုင်အေအနေဖြင့် အာမခံချက် မပေးနိုင်သေး ကြောင်းနှင့် ကုမ္ပဏီများ၏ အမြင်၊စိုးရိမ်ပူပန်မှုများကို မေးမြန်းခဲ့ ကြောင်း ကေအိုင်အိုမှ သတင်းရ ရှိသည်။

‘‘ကျွန်တော်တို့ ဘက်က တော့ ဖားကန့်ကျောက်စိမ်းလုပ် ကွက်ကို ပိတ်လည်း မပိတ်ထား ဘူး။ ဖွင့်လည်း မဖွင့်ထားဘူး။ အရင်ကလည်း ကျွန်တော်တို့က ပိတ်တာမဟုတ်ဘူး’’ဟု အထက် ပါ ကေအိုင်အို ထိပ်ပိုင်းခေါင်း ဆောင်ကဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကချင်ပြည်နယ် ကျောက်မျက် လုပ်ငန်းရှင်များအသင်းသို့ ဆက် သွယ်မေးမြန်းရာ ၎င်းတို့အနေဖြင့် ခရီးဝေးထွက်နေသဖြင့် အသေး စိတ်မသိရှိရသေးကြောင်း ဒုတိယ ဥက္ကဋ္ဌ ဦးလာခရီလာအောင်က ဖြေကြားသည်။

ဖားကန့်ကျောက်စိမ်းလုပ် ကွက်များ ပြန်လည်ဖွင့်လှစ်ရာ တွင် ဆက်ကြေးကောက်ယူမှုများ မပြုလုပ်ရန် ကေအိုင်အေသို့ အကြောင်းကြားထားကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ သတင်းရရှိသည်။

တိုက်ပွဲများကြောင့် ၂ နှစ် ကျော်ပိတ်ထားခဲ့သော ဖားကန့် ကျောက်စိမ်းလုပ်ကွက်များ တူး ဖော်ခွင့်ကို ပြီးခဲ့သည့် စက်တင် ဘာ( ၁) ရက်၌ အစိုးရက ပြန်လည်ခွင့်ပြုခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။