Friday, September 5, 2014

ရဲအရာရှိများ တပ်မတော်အရာရှိများအား အခွန်ဆောင်ပြီး မူးယစ်ရောင်းစားနေသည့် ဖားကန့်မော်ဝမ်းမှ မူးယစ်ဒိုင်တစ်ယောက်အားဖမ်းမိ

(Kachin Waves)

ဖားကန့်မြို့နယ် မော်ဝမ်းရပ်ကွက် ဒေသခံဆေးဝါးတိုက်ဖျက်ရေးကော်မတီမှ မူးယစ်ဆေးဝါး ဒိုင်ချုပ်တစ်ခုဖြစ်သော မာမီအောင်ကို ဖမ်းမိထားပြီဖြစ်ကြောင်းသတင်းရရှိသည်။ ထိုသူအနှင့် လောလောဆဲ အချိန်တွင် ငွေကျပ်သိန်း ၅၀ နှင့် ရာမ များလည်း ဖမ်းမိထားပြီဖြစ်ကြောင်းလည်းသိရသည်။


ထိုနောက် သော့ (၃၂) ချောင်းပါသည့် သော့နှင့် အခြား သော့ခတ်ထားသည့် အခန်းများအား ရဲ၊ တပ်မမှူး တို့မှ ဆက်လက်စစ်ဆေးနေပြီဖြစ်ကြောင်းလည်းသိရသည်။

ဖားကန့်မြို့နယ်ရှိ မူးယစ်ဆေးဝါးဒိုင်များသည် ရဲအရာရှိများ တပ်မတော် အရာရှိများအား အခွန်ပေးဆောင်ပြီး ရောင်းစားနေကြခြင်းဖြစ်ကြောင်းဒေသခံများမှဆိုသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။