Saturday, September 13, 2014

ပယင်းကျောက်တူးဖော်ရေးများ ရပ်ဆိုင်းပြီးနောက် ဈေးနှုန်းမြင့်တက်

(7 days)

တနိုင်းမြို့နယ် အတွင်း ရှိ ပယင်းကျောက်တူးဖော်ရေး လုပ်ငန်း ရပ်ဆိုင်းလိုက်ပြီးနောက် ပယင်းကျောက်ဈေးနှုန်းများ ပို မြင့်တက်လာကြောင်း သတင်း ရရှိသည်။

‘‘မှော်ပိတ်လိုက် တဲ့ နောက် ပိုင်း ပယင်းဈေးတွေက တက် လာတယ်။ ခါတိုင်းဆို အညံ့စား ကို တစ်သောင်းလောက်နဲ့ ၀ယ် လိုရတဲ့ဟာ အခုက သုံး၊ လေး၊ ငါး သောင်းထိ ဖြစ်လာတယ်။ အရည်အသွေးကောင်းရင် ကောင်းသလို သိန်းဆယ်ချီပေးပြီး ၀ယ်ရောင်းနေကြတယ်’’ဟု တနိုင်းမြို့မှ ကိုဆန်းက ပြောသည်။


ပယင်းတူးဖော်ရေးလုပ်ငန်း ရပ်ဆိုင်းထားသော်လည်း တနိုင်း မြို့အတွင်း ပယင်းကျောက်ဈေး တန်းများတွင် အရောင်းအ၀ယ်ပိုဖြစ်နေကြောင်း သတင်းရရှိသည်။

‘‘အရင်က လက်ကျန်တွေ ကို ပြန်ရောင်းထုတ်နေကြတာ ’’တချို့တွေက မြစ်ကြီးနားဘက်က ၀ယ်ပြီး လိုင်ဇာဘက်ကို သွား ရောင်းကြတယ်။ တချို့ကတော့ ဒီမှာပဲ ကျောက်ကြမ်းတွေကို ၀ယ် အချောပြန်လုပ်ပြီး ပြန်ရောင်းကြတယ်’’ဟု ပယင်းကျောက်ပွဲစား တစ်ဦးက ပြောသည်။

တနိုင်းဒေသတွင် ပယင်း ကျောက်တူးဖော်ခြင်း လုပ်ငန်းကို ပြီးခဲ့သည့် မတ်လ ၂၀ ရက်က အစိုးရနှင့် KIA တို့က သန်းခေါင် စာရင်းကောက်ယူရန် ပယင်း ကျောက်တူးဖော်သူများကို နေရပ်သို့ ပြန်လွတ်ခဲ့ပြီးနောက် ပယင်းမှော် အပြီးရပ်ဆိုင်းရန် ကချင်လက်နက်ကိုင်အဖွဲ့မှ အမိန့်ထုတ်ပြန်ကာ ရပ်ဆိုင်းထားခြင်းဖြစ်သည်။

ပယင်းကျောက်တူးဖော် ခြင်းလုပ်ငန်းကို ပြန်လည်ခွင့်ပြု၊ မပြု မသိရှိသေးသော်လည်း ပယင်းကျောက်တူးဖော်ရေးလုပ် ငန်းအား ကုမ္ပဏီများထံ လွှဲအပ် ပေးတော့မည်ဆိုသည့် ကောလာ ဟလသတင်းများလည်း ထွက်ပေါ်နေကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။