Monday, September 29, 2014

ဖားကန့် မူးယစ်ဆေးရောင်းဝယ်ဖောက်ကားသူအား ဖမ်းမိရာမှ တပ်ကြပ်နှစ်ဦးပါဖမ်းမိ

(Kachin Waves)

ကချင်ပြည်နယ် ဖားကန့်မြို့တွင် အောက်တိုဘာလ ၂၆ ၂၀၁၄ ၌ မော်ဝမ်းရပ်ကွက် ဒေသခံမူးယစ် တိုက် ဖျက် ရေး အဖွဲ့ နှင့် မြို့နယ်ရဲတပ်ဖွဲ့ ၊မူးယစ်ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့တို့ပူးပေါင်းကာ မူးယစ်ဆေးရောင်းဝယ်သူ မဖင်ကြီး(ခေါ်) ခင်ဌေးမြင့် အပါအဝင် လာရောက်ဝယ်ယူသူ ဒေါ်အင်ခွန်လု ၊တပ်ကြပ် ဦးမင်းဇော် နှင့် ဒုတပ်ကြပ် ဦးသန့်ဇင်ဦး တို့အား ဖမ်းဆီးခဲ့ကြောင်းသတင်းရရှိသည်။

“ တိုက်ငါးလုံးဗူး ငါးဗူး ပိုက်ဆံ လေးသောင်းသုံးထောင် ဖမ်းမိတယ်။” ဟုမော်ဝမ်းမူးယစ်တိုက်ဖျက်ရေးအဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုနော်ဆိုင်းမှဆိုသည်။
မဖင်ကြီး (ခေါ်) ခင်ဌေးမြင့်အား ဖမ်းဆီးရန်အတွက် နံနက် ၅ နာရီခန့်မှ စတင်ပြင်ဆင်ခဲ့သော်လည်း ၈ နာရီမှ ဖမ်းဆီးရမိကြောင်းလည်းဆိုသည်။


ထိုသို့ဖမ်းဆီးခဲ့ရာတွင် ဆေးဝယ်သူအင်ခွန်လု(ပွဲစား)မှ ခင်ဌေးမြင့်ထံမှဘိန်းဖြူဝယ်ပြီးအပြန် မူးယစ် တိုက်ဖျက်ရေးအဖွဲ့တို့နှင့် ထိတ်တိုက်တိုးကာဖမ်းဆီးမေးမြန်းခဲ့ရာ ရဲတပ်ကြပ်ကြီးနှစ်ဦးတို့မှ ဝယ်ယူ ခိုင်း ခဲ့ကြောင်းပြောသည်။

“ ရဲတွေက အင်ခွန်လုကို ပိုက်ဆံပေးပြီး ဖင်ကြီးမဆီက သွားဝယ်ခိုင်းတယ်။ ကျွန်တော်တို့နဲ့တွေ့တော့ အိမ်ဘက်ကိုထွက်ပြေးသွားတယ်။ နောက်ကနေလိုက်သွားတော့ ယူနီဖောင်းဝတ်စုံအပြည့်နဲ့ ရဲနှစ်ဦးကို ကွက်တိ ဘိန်းဖြူတိုက်ငါးလုံးဗူးနှစ်ဗူး နဲ့ဖမ်းမိလိုက်တယ်။” ဟုကိုနော်ဆိုင်းမှပြောသည်။

အဆိုပါကိစ္စ နှင့် ပတ်သက်ပြီး မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ကြပ်မင်းဇော်အားအရေးယူစစ်ဆေးလျက်ရှိကြောင်း ဖားကန့်မြို့နယ်ရဲစခန်းမှဆိုသည်

သို့သော်ဒုတပ်ကြပ်ဦးသန့်ဇင်ဦးကိုမူစစ်ဆေးအရေးယူမူရှိ ၊မရှိမသိရသေးကြောင်းလည်းသိရသည်။

ဖားကန့်မြို့တွင် မူးယစ်ဆန့်ကျင်တိုက်ဖျက်ရေးကို အရှိန်အဟုန်မြင့်လုပ်ဆောင်လျက်ရှိနေပြီး ပြီးခဲ့သည့် စက်တင်ဘာ ၅ ၂၀၁၄ တွင်လည်း မူးယစ်ဆေးဖြန့်ဖြူးရောင်းဝယ်ဖောက်ကားသူ မာမီအောင်ကိုလည်း ဒေသခံမူးယစ်ဆန့်ကျင်တိုက် ဖျက်ရေးအဖွဲ့မှ ဖမ်းဆီးခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။