Tuesday, September 2, 2014

တောင်သူများ၏လယ်မြေများအား လုပ်ငန်းရှင်တစ်ဦးမှ သိမ်းဆည်းမှုကြောင့် တောင်သူများမကျေနပ်

(Kachin Waves)

မြစ်ကြီးနားမြို့ နန်ကျင်ကျေးရွာနေ ဒေါ်ရွယ်ဂျီး နှင့် အပေါင်းအပါ (၇) ဦးတို့၏ လယ်မြေလွတ်များအား ဒေါ်ဝိုင်းလုံမှ သိမ်းဆည်းလိုက်သောကြောင့် ၄င်းတို့မှလယ်ယာမြေလုပ်ပိုင်ခွင့် မရတော့သဖြင့် မကျေမနပ်ဖြစ် နေကြောင်း သတင်းရရှိသည်။

ထိုလယ်မြေလွတ်များမှာယခင် ၁၉၈၀ခုနစ် အထိမြေခွန်ပြေစာရထားပြီးဒေါ်ရွယ်ဂျီးအပါအဝင် (၉) ဦးပိုင်ဆိုင်ထား ခြင်း နှင့် ကြံစိုက်ခင်း လုပ်ကိုင်ခဲ့ကြကြောင်းလည်း ဒေါ်ရွယ်ဂျီးမှဆို သည်။


“ ကျွန်မတို့ကိုယ်တိုင်လုပ်ခဲ့တဲ့လယ်မြေပါ။ သားသမီးအဆက်ဆက်လက်ဆင့်ကမ်းလာတာ အခုအဲဒီ မြေတွေ ပြန်ရချင်တယ်။” ဟုဒေါ်ရွယ်ဂျီးကပြောသည်။

ယခင်မြေအလွတ်ပိုင်ရှင် (၇) ဦးတို့မှ ၂၀၁၄ မေလပိုင်းတွင် လယ်မြေလုပ်ပိုင်ခွင့်အား ပြန်လည်လျှောက်ထားပြီး ၂၄ သြဂုတ် လ၂၀၁၄တွင် လယ်မြေလွတ်များ၌ ကျွန်းပင် ၇၀၀ စိုက်ပျိုးခဲ့သည်။

ထိုသို့စိုက်ပျိုးပြီး (၄) ရက်အကြာတွင် နန်ကျင် ကျေးရွာအုပ်ချုပ်ရေးမှူးမှ ကန့်ကွက်သူရှိသောကြောင့် လယ်မြေလုပ်ကိုင် ခွင့်အားတားမြစ်ထားကြောင်း ဒေါ်ရွယ်ဂျီးတို့မှ ဆိုသည်။

ထိုသို့ကန့်ကွက်သူမှာ ဦးလကွန်ဖြစ်ပြီး ယခုအချိန်တွင် ဒေါ်ဝိုင်းလုံမှ ယင်းမြေလွတ်နေရာတွင် မြက်ရှင်း၊ မီးရှို့ခြင်းများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

ဒေါ်ဝိုင်းလုံမှ လယ်မြေလွတ်များအား ၂၀၁၂ တွင် ပုံစံ (၇)ဖြင့်ပိုင်ဆိုင်ထားပြီဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးမှစာ ထွက်လာခဲ့သည်ဟု ၄င်းတို့(၇)ဦးတို့မှဆိုသည်။

နန်ကျင်ကျေးရွာတွင်၎င်းသိမ်းဆည်းထားသည့် လယ်ဧက စုစုပေါင်း ဧက ၅၀ခန့်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။