Friday, August 1, 2014

လိုင်ဇာ၌ အပစ်ရပ်ရေး ဆွေးနွေးနေစဉ် ရှမ်း/ မြောက် KIA,တပ်ရင်း (၈)ဒေသတွင် တိုက်ပွဲ ပြင်းထန်

(Lachid Kachin)


KIO, ဌာနချုပ် ၊ လိုင်ဇာ ၌ တိုင်းရင်းသား လက်နက်ကိုင်
တော်လှန်ရေးအဖွဲ့၏ ခေါင်းဆောင်များ တပြည်လုံး အတိုင်း
အတာ အပစ်ရပ် နိုင်ရေးအတွက် ဆွေးနွေး နေစဉ် ရှမ်းပြည်
နယ် မြောက်ပိုင်း KIA, တပ်မဟာ (၄) လက် အောက်ခံ
တပ်ရင်း (၈) ဒေသတွင် တိုက်ပွဲ များ အပြင်း အထန် ဆက်
လက် ဖြစ်ပွားနေကြောင်း သိရှိရပါသည်။



မြန်မာ စစ်တပ် မှ ရှမ်းပြည်နယ် မြောက်ပိုင်း KIA, တပ်မဟာ
(၄)လက်အောက်ခံ KIA, တပ်ရင်း (၈) ဒေသ ဖြစ်သော နမ့်စုန်
(Nam Sung) ဘက် သို့ ထိုးစစ်ဆင် ကျူးကျော် ၀င်ရောက်
လာခြင်း ကြောင့် ယနေ့ (၃၁.၇.၂၀၁၄) ရက်နေ့ မွန်းလွဲ (၁)
နာရီ အချိန် ခန့် မှ စတင် ကာ မြန်မာ စစ်တပ် နှင့် KIA,တပ်ရင်း
(၈)တပ်ဖွဲ့ ၀င် တို့ ကြား ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲ အပြင်း
အထန် ဖြစ်ပွားနေ ကြောင်း သတင်းရရှိ ပါသည်။ တိုက်ပွဲ မှာ
ယခု သတင်းရေးသား နေ ချိန်အထိ တဖက် နှင့် တဖက်
တိုက်ပွဲ အပြင်း အထန် ဖြစ်ပွားလျှက် ရှိပြီး သေနတ်သံများ
ကြားနေ ရစဲ ဖြစ် ကြောင်း KIA, တပ်မဟာ(၄) အရရှိများထံ မှ သတင်း ပေးပို့လာပါသည်။

ထို့ အပြင် ယမာန်နေ့ (၃၀.၇.၂၀၁၄) ရက်နေ့ တွင်လည်း ၄င်း
မြန်မာ စစ်တပ် နှင့် KIA,တပ်ရင်း (၈)တပ်ဖွဲ့ တို့ မနက်ခင်းပိုင်းတွင်
KIA,တပ်ရင်း (၈)နယ်မြေ ဖြစ်သော မာန်ဆိုင် နှင့် ည ပိုင်းတွင်
တိန်းဘွန် တို့ တွင် တနေ ကုန် နီး ပါး အပြင်း အထန် ရင်ဆိုင်
တိုက်ပွဲ ဖြစ် ပွား ခဲ့ ကြေ ကြာင်း KIA, တပ်မဟာ (၄) ရှေ့တန်း
အရာရှိ များထံ မှ သတင်းရရှိပါသည်။




KIA,Dung (8) Ginra Hta Gasat Poi Byin Nga

Lahta sam mung, KIA, Dap Ba (4) n pu ,KIA, dap dung
(8) gin ra rai nga ai Nam Sung kaw dai ni (31.7.2014)
ya shani (1)pm aten ram kaw na Myen tai hpyen ni hte
Tinang KIA, dung (8) na myu tsaw hpyen hpung ni la ja
la na gap hkat nga ai lam na chye lu ai . Majan gaw ya
shiga ka nga ai ten du hkra lahkawng maga laja la na
gasat nga ding yang naw re lam Dung (8) shawng lam
du sa lang ni kaw na chye lu ai.

Mani ni (30.7.2014) ya sha ni mung KIA, Dung (8) ginra
rai nga ai Man Sai kaw Dung (8) na myu tsaw hpyen
hpung ni hte gasat poi byin ai lam, mana sha na de gaw
Ting Bung kaw bai gasat poi byin ai lam na chye lu ai.
(sha na ai-N Rung)

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။