Tuesday, August 26, 2014

သွားရင် လာရင် သတိထား…

(Kachin Waves)

“ပိုက်ဆံအိတ်လုသွားပြီ… ပိုက်ဆံအိတ်ပါသွားပြီ…”

မိန်းကလေးတစ်ယောက်၏ အလန့်တကြား အော်သံကြောင့် ဧကရီမိုး ဆေးခန်းရှေ့တွင် ဆေးခန်းပြရန် စောင့်ဆိုင်းနေသူများ အသံလာရာ ကားလမ်းဘက်သို့ အလိုအလျေက် ထကြည့်၊ ပြေးကြည့် ပြီးသား ဖြစ်သွားသည်။


အရင်တုန်းက ကျွန်တော်တို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်မှာ ဘယ်သွားသွား လုရက်မှုများ မကြားရ မသိရ။ အောက်ပိုင်း မြို့ကြီးများမှ ပြန်လာသူများ ပြောပြသည့် ရထားပေါ်၊ ဘတ်စကားပေါ်က ခါးပိုက်နိုက်မှုများကိုသာ တအံ့အအော် နားထောင်းခဲ့ရဖူးသည်။

အခုနှစ်ပိုင်းမှာ အငိုက်မိ အလစ်တုပ် အိတ်လုရက်ခံရမှုများ ကြားရသည်မှာ ပိုပြီးစိပ်လာသည်။ လူပြောသူပြော ကြားရသလောက် လုရက်ခံရသူများသည် မိန်းကလေး အမျိုးသမီးများ ပိုပြီး လုရက်ခံရသည်ဟု သိရသည်။

မနေ့က (သြဂုတ်လ နှစ်ငါးရက်) ည ၇:၃၅ နာရီဝန်းကျင်မှာ ဧကရီမိုးဆေးခန်းရှေ့ မိန်းကလေးတစ်ယောက် လုရက်ခံလိုက်ရသည်ကို ကိုယ်တိုင်မြင်တွေ့ လိုက်ရတော့ ကျွန်တော်တို့ မြစ်ကြီးနားမြို့ပေါ်က သွားရေးလာရေး လုံခြုံမှုကို မေးခွန်းထုတ်နေမိသည်။

အေးဆေး ဖော်ရွှင် ယဉ်ကျေးသည့် ဒေသခံများ နေထိုင်သည့် မြစ်ကြီးနားမြို့၏ ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်မည့် အန္တရာယ်များ ပေါများလာသည့် အကြောင်းရင်းသည် တစ်ခုထက်မနည်း ရှိနိုင်ပါသည်။

အာလုံးကို အသိပေးလိုသည်မှာ “ပိုက်ဆံအိတ်လုသွားပြီ… ပိုက်ဆံအိတ်ပါသွားပြီ…”ဟု အသံကုန်အော်ပယ်မဲ့၊ လူတွေခဏ ဝိုင်းအုံးပြီး ထင်ရာ မြင်ရာ ပြောပြီး ပြီးသွားမည်။ နောက်ဆုံး လုရက်ခံရသူပဲ ဒေါသ၊ သောကနှင့် ကျန်ရစ် နေရမှာကများပါသည်။ ဘာရယ်လို့ မဟုတ်.. အားလုံး သတိထားနိုင်အောင် ရေးလိုက်ရပါသည်။

Hka San Lwi (ခဆန်လွင်)

photo...မြစ်ကြီးနားမြို့ ဈေး (၂) ရှေ့

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။