Friday, August 29, 2014

အစိုးရစစ်တပ်၏ ပြည်သူ့ အပေါ်နှိပ်စက်ခြင်း

(Jinghpawkasa)

မိုးမိတ် မြို့နယ်၊ မန်ရှီကျေးရွာမှ အသက် (၃၈) နှစ် ရှိဦးအိုက်ဇက်အား အစိုးရ စစ်တပ်၊ တပ်မ (၇၇) မှ ဖမ်းဆီးနှိပ် စက်ခဲ့ကြောင့် သိရသည်။

အစိုးရစစ်ကြောင်း မန်ရှီရွာထဲဝင်လာပြီး ဦးအိုက်ဇက်ကို ဖမ်းစီးတုပ်နှောင်ကာ အစိုးရ စစ်တပ် ၏ စစ်ဗိုလ် ၀တ်စုံကို ၀တ်ဆင် စေပြီး စစ်ကြောင်း ရှေ့ဆုံးမှ မှိုင်းဗုံးအကာ အကွယ် အဖြစ်လျှောက် စေကြောင်း၊ ၄င်း ၀တ်စုံကို ၀တ်ဆင်ရန် ငြင်းဆန်သော ကြောင့်ပြင်းထန် စွာရိုက်နှက်ခဲ့ကြောင်း၊ သြဂုတ်လ (၁၇-၂၁) ရက်နေ့ထိ (၄) ရက် ဆက်တိုက် ထိုကဲ့သို့ပြုလုပ် ခဲ့ကြောင်း နှိပ်စက် ဒဏ်ရာများ ပြင်းထန်  ပြင်းထန်၍ လမ်းမ လျှောက်နိုင် တော့သော အခါမှ လမ်းခုလပ်တွင် ပစ်ထားကြောင်း တွေ့ရှိသောရွာသားများ ရွာသို့ပြန်လည်ပွေ့ချီခဲ့ကြောင်းသိရသည်။

ယခုအခါ ဦးအိုက်ဇက်သည် မိမိ ရွာသို့ ပြန်လည်ရောက်ရှိပြီဖြစ်သော်လည်း နှိပ်စက်ထားသော ဒဏ်ရာများကြောင့် မိမိ နေအိမ်တွင် ဆေးဝါးကုသနေ ကြောင်းသတင်းရရှိပါသည်။

1 comment:

  1. ကြိုးနဲ့ ပါတုပ်ရမှာ။တရုပ်ဖုန်းကိုင်ထားတဲ့ သူပုန်ထောက်လှမ်းေ၇းတွေ။

    ReplyDelete

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။