Tuesday, August 19, 2014

တောင်ယာခုတ်နေသူတစ်ဦးအား တောဝက်တစ်ကောင်ဝင်ရောက်တိုက်ခိုက်

(Kachin waves)

ဝိုင်းမော်မြို့ နယ် ၀ါရှောင်ကျေး ရွာ တွင် တောင်ယာခုတ် နေသော ဦးလွမ်းခမ်း အား တောဝက် တစ်ကောင် က ရုတ်တရက် ၀င်ရောက် တိုက်ခိုက် ခဲ့သောကြောင့်ြ ပည်သူ့ ဆေးရုံ တွင်ဆေး ကုသမူ ခံယူခဲ့ရကြောင်း သတင်ရရှိသည်။

၂၀၁၄သြော်ဂုတ်လ ၁၄ရက် နေ့လည်နှစ်နာရီခွဲလောက်တွင် သူတောင်ယာ ခုတ်နေစဉ် ပိဿငါးဆယ် လောက်ရှိသော တောဝက်တစ်ကောင်က ရုတ်တရက်ပြေးဝင်လာပြီး ချွှန်ထက်နေသာအစွယ်ဖြင့် ဦးလွမ်းခမ်းကိုထိုးခဲ့ပြီး ပါးစပ်ဖြင့်သူ ၏လက်ကိုကိုက်သောကြောင့် လက်သူကြွယ်မှအကြော ပျက်သွားကြောင်း သူကပြောပြသည်။


“ အဲဒီတောဝက်က ဗြုန်းဆိုင်းကြီး လာတိုက်တော့တကိုယ်လုံး ဒဏ်ရာတော်တော်များများရသွားတယ်။ အဲဒီနောက်ထွက်ပြေးရင်း နဲ့လယ်တောတစ်ခုနား အရောက်မှာတော့ ကျွှန်တော်မေ့လဲသွား ပြီ ဘာမှမသိတော့ဘူး။”ဟု၍သူကပြောသည်။

ထိုတောဝက်ကိုတွေ့သော လီဆူများက ပစ်သတ်လိုက်ကြကြောင်းသိရသည်။
ယခုအသက်အန္တရာယ်စိုးရိမ် စရာမရှိတော့သောကြောင့်ဆေးရုံမှဆင်းကာ မိမိနေအိမ်တွင်ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကြောင်းသူကပြောပြသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။