Monday, August 25, 2014

ရ၀မ်ကထောင်ကျေးရွာတွင် မူးယစ်ဆေးဝါးအသိပညာ ဟောပြောပွဲကျင်းပ။

(Kachin Waves)

ဝိုင်းမော်မြို့ နယ် မိုင်းနားကျေးရွာအုပ်စု လ၀မ်ကထောင်ကျေးရွာတွင် မူးယစ်ဆေးဝါး အသိပညာ အမြင်ဖွင့် ဟောပြောပွဲ နှင့် မူးယစ်ဆေးဝါး သုံးစွဲမှုကို တိုက်ဖျက်သည့် ဆိုင်းပုဒ်များထောင်ခြင်းကို ယနေ့ သြဂုတ်လ(၁၅) ရက်နေ့တွင် ကျင်းပပြုလုပ် ခဲ့ သည်။

ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကော်မတီအတွင်းရေးမှူး ဦးလမုန်လရွယ်က “ ဆိုင်းပုဒ်တွေထောင်တယ် ဟောပြောပွဲတွေ လုပ်ပြီး ဒီနေ့ကနေ ဒီ မူးယစ်ဆေးဝါးကို လုံးဝပပျောက်အောင်တိုက်ဖျက်နေပြီဆိုတဲ့ အသံကို ထုတ်ဖော်ပြီး တိုက်ဖျက်သွားမယ်” ဟုပြောသည်။


မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းမစတင်မှီ ရွာသူ၊သားများအား မူးယစ်ဆေးဝါး အသိပညာကာ စတင် လုပ်ဆောင်ခြင်းဖြစ်ကြောင်းသိရသည်။

အသိပညာပေးရာတွင် အင်ဂျန်ယန်မြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ် တရားလွှတ်တော် ရှေ့နေ ဒေါ်ဒွဲဘူ၊ ဘာသာရေး ခေါင်းဆောင်များ ဟောပြောပို့ချကြောင်း ပြောသည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများ လုပ်ဆောင်လာသည့်အခါတွင် မူယစ်ဆေးဝါး စတင်သုံးစွဲ နေသူများကို သက်ဆိုင်ရာ ဘုရားကျောင်းသို့ အပ်နှံပြီး မိဘများနှင့်တွေ့ဆုံမှုများ၊ မူယစ်ဆေးဝါးသုံး စွဲသူကိုယ်တိုင် ဆေးဖျက်ချင်သည့်အခါ ဘိန်းဖျက်ပေးသည့် နေရာများနှင့် ဆက်သွယ် ချိတ်ဆက်ကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

ကျေးရွာများအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ပြီး သက်မွေးဝမ်းကျောင်းနေသူများကို လည်းတားဆီးသွားမည် ဖြစ်ကြောင်း ၄င်းက “ဘယ်အိမ်က ဘိန်းရောင်းစားတယ်ဆိုတာ တစ်ရွာတည်းမို့လို့ အများအားဖြင့် သိတယ်။ ကျွန်တော်တို့ ကော်မတီတွေ၊ ရပ်မိရပ်ဖတွေ၊ဘာသာရေးရဲ့ အကြီးအကဲတွေ သွားပြီးမှ အဲဒီအိမ်မှာ သွားဆု တောင်းပေးမယ်။နောက်ပြီး ရှေ့ဆက်မလုပ်ဖို့ အကျိုးအကြောင်းရှင်းပြမယ်၊ သွားသတိပေးမယ် ပေါ့ ဒီလိုတွေ လုပ်ဆောင်သွား မယ်လို့ အားလုံးသဘောတူထားတယ်” ဟုပြောသည်။

ရ၀မ်ကထောင်ကျေးရွာတွင် စုစုပေါင်းအိမ်ထောင်စု (၅၀၀)ခန့် ရှိပြီး မိုင်းနားအုပ်စုတွင် ပါဝင်သည့် ရွာတစ်ရွာ ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။