Tuesday, August 12, 2014

စစ်ပွဲများရှိ နေခြင်းနှင့် အာမခံချက်မရှိ ခြင်းတို့ကြောင့် ကျောက်စိမ်း ပြန်တူးခွင့် စတင်ရန် လုပ်ငန်းရှင်များ စိုးရိမ်

(Mizzima)

အစိုးနှင့် ကချင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများပြန် လည်ဖြစ်ပေါ်မှုနှင့် လုံခြုံရေးအာမခံချက် မရှိခြင်းကြောင့် ယခုနှစ်မိုးကုန်တွင်ကျောက် စိမ်း ပြန်လည်တူးဖော်ရန် စိုးရိမ်နေရ ကြောင်း ကျောက်မျက်လုပ်ငန်းရှင်များက မဇ္ဈိမကို ပြောသည်။

အစိုးရက လက်နက်ကိုင်အဖွဲ့အစည်း များနှင့် ငြိမ်းချမ်းရေးပြန်လည်တည်ဆောက် နိုင်ပြီဖြစ်ခြင်းကြောင့် ယခုနှစ် စက်တင်ဘာ မှစတင်ကာ ကျောက်မျက်တူးဖော်ခွင့်ကို ပြန်လည်ခွင့်ပြုသည်ဟု ပြောဆိုသော်လည်း တိုက်ပွဲများဆက်လက်ရှိနေမှုအပေါ် လုပ် ငန်းရှင်များက ပြောဆိုခဲ့ခြင်း ဖြစ်သည်။


ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)တပ်ရင်း (၆)နှင့် အစိုးရတပ် တပ်မ (၆၆)လက်အောက်ခံ ခြေမြန်တပ် ရင်း (၁၀၈) တို့အကြား သြဂုတ်လ ၈ရက် တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့မှုကြောင့် ကျောက်စိမ်းတူးဖော်သည့် မှော်များပိတ် ထားရပြီး ကျောက်စိမ်းတွင်းများထိခိုက်ပျက် စီးခြင်းမရှိဟု ကချင်လွတ်မြောက်ရေး တပ်မတော်မှ ဗိုလ်ကြီးအဆင့်ရှိအရာရှိ တစ်ဦးက မဇ်္ဈိမကိုပြောသည်။

““ ၁၀ ရက်နေ့ကတောင် ထပ်ဖြစ်သေး တယ်။ အဲဒီအတွက် နှစ်ဘက်တော့ ထိခိုက် တာမရှိဘူး။ ကျောက်စိမ်းတွင်းတွေက တော့ပိတ်ထားတယ်။ များများစားစားလည်း မရှိပါဘူး။ အစိုးရဘက်က လုပ်ခွင့်ပေးထား တဲ့တွင်းတွေပါ။ ဒေသခံတွေက တစ်နိုင်တစ်ပိုင်တူးတာတွေဆိုတော့မရပ်ပါဘူး။ သူတို့စားဝတ်နေရေးအတွက်ပေါ့ ”” ဟု ၎င်းင်း ကေအိုင်အေ အရာရှိက ဆိုသည်။

တိုက်ပွဲဖြစ်ပွားရာ ဖားကန့်ဒေသတွင်း ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းများကို အစိုးရ၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်များ ပေးထားခြင်းဖြစ်ပြီး တိုက်ပွဲများဖြစ်ပေါ် နေသည့် ကာလဖြစ်သဖြင့် ပိတ်ထားခြင်း ဖြစ်သည်ဟု သတ်္တုတွင်းဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

အောင်စည်းစိမ်ကျောက်မျက်တူးဖော် ရေးလုပ်ငန်းရှင်ဦးအောင်ကြီးက ““ အစိုးရ ကတော့ လက်နက်ကိုင်အဖွဲ့တွေနဲ့ နား လည်မှုရနေပြီဆိုပေမယ့် တိုက်ပွဲတွေက ဆက်ရှိနေတယ်။ှုဥ နဲ့ ကချင်ပြည်နယ် အစိုးရတို့ကလည်း လုံခြုံရေးအတွက် ဘာမှ တာဝန်ခံထုတ်ပြန်ထားတာမရှိတဲ့အတွက် ကျောက်ပြန်တူးဖို့ လုပ်ငန်းရှင်တိုင်းလိုလို စိုးရိမ်နေကြတယ်”” ဟု ဆိုသည်။

လက်နက်ကိုင်တိုက်ပွဲများကြောင့် ၂၀၁၂ ခုနှစ်မတ်လကုန်ပိုင်းမှစတင်ကာ လပေါင်း ၂၆ လနီးပါး ရပ်ဆိုင်းထားသည့် ကျောက်စိမ်းလုပ်ကွက်များကို လုပ်ကိုင် ခွင့်ပြန်လည်ပေးအပ်ပြီး ရပ်နားထားသည့် ကာလအလိုက် လုပ်ကွက်သက်တမ်း ပြန် လည်တိုးမြင့်ပေးမည်ဟု ဇူလိုင်လကုန်ပိုင်း တွင် သတ်္တုတွင်းဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ သော်လည်း တိုက်ပွဲများဆက်လက်ရှိနေမှု အပေါ် လုပ်ငန်းရှင်များက ထောက်ပြ ပြောဆိုသည်။

မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင် အသင်းတွဲဘက်အတွင်းရေးမှူး ဦးထွန်းလှ အောင် က ““ နယ်မြေမတည်ငြိမ်လို့ရှိရင် ဘယ်လုပ်ငန်းရှင်က စိတ်ချလက်ချလုပ် နိုင်မှာလဲ။ အစိုးရနဲ့သက်ဆိုင်ရာအဖွဲ့အစည်း တွေက ဒါကိုဖြည့်ဆည်းပေးသင့်တယ်။ အခုဆို ဈေးကွက်ထဲမှာ ကျောက်တွေလည်း ရှားနေပြီ ”” ဟု ဆိုသည်။

ကျောက်မျက်လုပ်ငန်းရှင် ဦးလဖိုင်ခွန် ဆာကလည်း ““ လုပ်ကွက်တွေပြန်စချိန်မှာ နယ်မြေတည်ငြိမ်မှုရှိစေချင်တယ်။ အပစ် အခတ်တွေမဖြစ်စေချင်တော့ဘူး။ ဒီလိုတွေ ဆက်ဖြစ်နေရင် ဒေသဖွံ့ဖြိုးရေးလည်း ထိ ခိုက်တယ် ”” ဟု ဆိုသည်။

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ် ငန်းရှင်အသင်းစာရင်းများအရ ကချင်ပြည် နယ်အတွင်း ကျောက်မျက်ကုမ်္ပဏီပေါင်း ၅၂၀ ကျော်လုပ်ကိုင်လျက်ရှိပြီး ကျောက် မျက်လုပ်ကွက်ပေါင်း ၁,၅၀၀ ကျော်အထိ ရှိနေသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။