Tuesday, August 26, 2014

မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးများမှ မြစ်ဆုံတန်ဖရဲ ကျေးရွာသို့ တက်မည်ဆို သောကြောင့် ဒေသခံများစိုးရိမ်

(Kachin Waves)

မြစ်ကြီးနားမြို့ တန်ဖဲကျေး ရွာ(မြစ်ဆုံ) တွင် ပြန်လည်နေထိုင် သည့်သူ များအား မြို့နယ်အုပ်ချုပ်ရေးမှူးမှ လာရောက်စစ်ဆေး မည်ဟု ဒေသခံများ ကြားသိရသဖြင့် စိုးရိမ်လျက်ရှိကြောင်း သတင်းရရှိသည်။

အရင်နှစ်တွင်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးတို့အဖွဲ့မှတက်လာပြီး တန်ဖဲကျေးရွာနေ ဒေသခံ ၂၂ ဦးအား ကားဖြင့်မြို့နယ်အုပ်ချုပ်ရေးရုံးသို့ခေါ်ဆောင်ခဲ့ပြီး ခံဝန်ကတိဖြင့်ပြန်လည်လွတ်လာခဲ့ကြောင်းဒေသခံ ဦးဇောင်လွမ်ကပြောသည်။


“ အခုလည်း လူကြီးတွေတက်လာမယ်လို့ပြောတယ်။ ဒေသခံတော်တော်များ များကြောက်နေကြတယ်။ အရင်နှစ်ကလည်း လာဖမ်းတော့ ဒီနှစ်လည်းလာဖမ်းတာထင်တယ်။ ” ဟု ဦးဇောင်လွမ်းကဆို သည်။

သို့သော်မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးမှာ တန်ဖဲကျေးရွာ(မြစ်ဆုံ)သို့တက်ရန်မရှိသေးကြောင်းပြောသည်။

“ အဲဒီကိုသွားဖို့ မရှိဘူး” ဟုမြို့နယ်အုပ်ချုပ်ရေးမှူးကဆိုသည်။
မြစ်ဆုံစီမံကိန်းစတင်ကတည်းက တိုင်းမှူး နှင့် လျှပ်စစ်ဝန်ကြီးတို့တက်လာပြီး ဒေသခံများအား ရေမဝပ်မချင်း တန်ဖဲအနီးတစ်ဝိုက်တွင် လုပ်ကိုင်စားသောက်နိုင်ကြောင်း ပြောဆိုထားကြောင်းလည်း ဒေသခံများမှဆိုသည်။

ယခုပြန်လည်လာရောက်နေထိုင်သည့်ဒေသခံများမှာ အောင်မြင်သာစံပြကျေးရွာတွင်လုပ်ကိုင်စားသောက်ရန် ခက်ခဲသဖြင့် ၄င်းတို့နေရပ်ဖြစ်သည့်
တန်ဖဲကျေးရွာ(မြစ်ဆုံ) တွင်လာရောက်လုပ်ကိုင်စားသောက်ကြသူများဖြစ် သည်။
“ အောင်မြင်သာမှ ဘာမှလုပ်ကိုင်စားသောက်လို့မရဘူး။ ဒီမှာက လယ်လုပ်တယ်။ အစားထိုးသီးနှံတွေစိုက် တယ်။” ဟု တန်ဖဲ(မြစ်ဆုံ) ဒေသခံတစ်ဦးကဆိုသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။