Tuesday, August 12, 2014

နန်းကွေ့ဒေသခံများ (၂)နာရီအတွင်း မူးယစ် သုံးစွဲရောင်းဝယ်သူ အယောက် (၁၀) အားဖမ်းမိ

(Kachin Waves)

မြစ်ကြီးနားမြို့နယ် နန်းကွေ့ကျေးရွာ ဒေသခံ မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှသြဂုတ်လ ၁၂ နေ့ နံနက်ပိုင်းတွင် မူးယစ် ရောင်းဝယ် သုံးစွဲသူများအား လိုက်ဖမ်းရာ အချိန် ၂ နာရီအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူ အသက် (၈) နှစ်အရွယ် ကလေးနှစ်ယောက် အပါအ၀င် မူးယစ်ဆေးဝါးသုံးစွဲသူ ရဲဝန်ထမ်းတစ်ဦး ကေအိုင်အေ စစ်သားတစ် ဦး နှင့် အခြားမူးယစ်သုံးစွဲသူ (၇) ဦးအားဖမ်းမိထားကြောင်းသတင်းရရှိသည်။


(၈)နှစ်အရွယ်ကလေး နှစ်ဦးကိုမူ ဘိန်းဖြူမုန့် အသေး သုံးထုတ်နှင့်အတူ ဖမ်းမိခြင်းဖြစ်ကြောင်း နှင့် ရဲ ၀န်ထမ်းတစ်ဦးကမူ ကာမိုင်းရဲစခန်းမှဖြစ်ပြီး ဆေးထိုးအပ် လက်ထိတ် များနှင့်အတူဖမ်းမိကြောင်း နန်ကွေ့ ဒေသခံတစ်ဦးဖြစ်ပြီး မူးယစ်တိုက်ဖျက်ရေးအဖွဲ့တွေပါဝင် သူ ဦးခေါင်ဒေါင်မှဆိုသည်။ဖမ်းမိသူများအား ဆက်လက်စစ်ဆေးနေကြောင်းလည်းဆိုသည်။

ယခုဖမ်းမိသည့် ကလေးနှစ်ဦး၏ မိဘများလည်းထောင်ထဲတွင်ဖြစ်ကြောင်းလည်း သိရသည်။

“ မူးယစ်ဆေးဝါး အရမ်းဆိုးလာတယ် မိသားစုတွေလည်း ဒီမူးယစ်ဆေးဝါးကြောင့် မပျော်လာကြဘူး။ အချင်းချင်းစကားများလာကြတယ်။ မိသားစုဝင်တစ်ခုကထောင်မှာ တစ်ချို့က အပြင်မှာ မူးယစ်ရောင်းနေဆဲ။ ရွာအပြင်တောင် မသွားလာရဲလာတော့ဘူး အပ်ပေါလွန်းတော့ အပ်ဆူးမှာကြောက်တယ်။ ‘ ဟု ဦး ခေါင်ဒေါင်မှဆိုသည်။

အဆိုပါနန်ကွေ့ကျေးရွာမှ ထောင်ထဲသို့ရောက်နေသူသည် ယခုလက်ရှိတွင် လူအယောက် (၁၀) ယောက်ကျော်ရှိပြီး ယခုလက်ရှိသုံးစွဲ နေသူများမှာ အယောက် (၂၀) ခန့်ရှိကြောင်း လည်း ဆိုသည်။

သို့သော် နေရာကျယ်သည့်အတွက် အပြင်မှ လာရောက်သုံးစွဲသူများ ပေါများကြောင်းလည်းဆိုသည်။
ကချင်ပြည်နယ်အနံ့တွင် မူးယစ်ဆေးဝါး သုံးစွဲသူများ ပေါများလွန်းသည့်အတွက် ကချင်ပြည်နယ်အနံ့မှ ဒေသခံများ ပူးပေါင်းပြီး မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းအား လုပ်ကိုင်လျှက်ရှိသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။