Monday, August 18, 2014

တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား မြန်မာ့တပ်မတော် (၂) ဦးကျဆုံး

၁၈ ရက် သြဂုတ်လ ၂၀၁၄ ခုနှစ်
တအာင်းဒေသ၊ ကျောက်မဲမြို့နယ်၊ လွယ်အန်နှင့် ကုန်းဆာကျေးရွာကြားတွင် သြဂုတ်လ ၁၇ ရက်နေ့ ည ၂၀း၀၀ နာရီ အချိန်မှ ၂၀း၃၀ နာရီအချိန်ထိ တအာင်းတပ်မတော် တပ်မဟာ(၃) လက်အောက်ခံ တပ်ရင်း(၇၁၇)၊ နှင့် မြန်မာ့တပ်မတော် တပ်မ(၇၇) တို့ နှစ်ဘက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။


တိုက်ပွဲတွင် တအာင်းတပ်မတော် ဖက်မှ ထိခိုက်ကျဆုံးမှုမရှိပါ။ မြန်မာ့တပ်မတော်မှ (၂)ဦး ကျဆုံးသည်။
တအာင်းဒေသသို့ ထိုးစစ်ဆင် တက်လာသည့် မြန်မာ့တပ်မတော်မှ တအာင်းတပ်မတော်အား လိုက်လံတိုက်ခိုက် နေခြင်းကြောင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခြင်းဖြစ်သည်။


သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁၄၉၅၁၊ ၀၉ ၂၅၆၄၆၅၆၈၁၊ ၀၉ ၄၇၀၉၇၇၇၂၊ ၀၆၉၂ ၆၂၂၄၈၅

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။