Tuesday, July 1, 2014

မြစ်ဆုံစီမံကိန်းပြန်လုပ်မည် မလုပ်မည်သည် မြန်မာအစိုးရနှင့်သာ ဆိုင်ကြောင်း CPI ပြော

(Kachin Waves)

မြစ်ဆုံစီမံကိန်းကြောင့်ပြောင်းရွှေ့ခံထားရသူများအား ယခုထိ အကူအညီများပေးနေသော်လည်း စီမံကိန်းအား ပြန်လည်အကောင်အထည်ဖော်နိုင်ရန် ရည်ရွည်ချက်ကြောင့်မဟုတ်ကြောင်း စီမံကိန်းပြန်လည်လုပ်နိုင် မလုပ်နိုင်မှာ မြန်မာအစိုးရသာ ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း CPI ကုမ္ပဏီမှ မြစ်ကြီးနားဆက်ဆံရေးရုံတာဝန်ခံမှ ဆိုသည်။

“ရေကာတာ ပြန်လုပ်ဖို့ဆိုတာ ဗမာပြည်က အစိုးရကပဲ ဆုံးဖြတ်နိုင်တယ်။ ကျွန်တော်တို့က စီဉ်းစားလို့လဲမရဘူး။ ဆုံးဖြတ်လို့လည်းမရဘူး။ ကျွန်တော်တို့က မြန်မာအစိုးရရဲ့ဆုံးဖြတ်ချက် ပြည်သူလူထုရဲ့ဆုံးဖြတ်ချက်ကိုလေးလေးစားစားလက်ခံမယ်။”ဟု CPI ကုမ္ပဏီမှ မြစ်ကြီးနားဆက်ဆံရေးရုံတာဝန်ခံမှ ဇွန်လ ၂၅ ရက်နေ့က အောင်မြင်သာကျေးရွာဒေသခံများအား ဆန်အိတ်လှူဒါန်းစဉ် ပြောဆိုခဲ့ သည်။


လက်ရှိတွေ CPI ကုမ္ပဏီမှလည်း တရုတ်အစိုးရမှ ချေးငွေများမပေးတော့သည့်အတွက် ပြောင်းရွှေ့ဒေသခံများအား ကူညီနေသည့် ဆန်များ၊ ပစ္စည်းသွားသည့်အဆောက်အအုံများအား ပြန်လည်ပြုပြင်သည့် စရိတ်များ အစရှိသည့် ကုန်ကျစရိတ်များအား ကူညီရန် အခက်အခဲများစွာရှိကြောင်း CPI ကုမ္ပဏီမှ ပြောင်းရွှေ့ရွာများအား စောင့်ကြည့် ကူညီရေးတာဝန်ခံ မှဆိုသည်။

ဒေသခံများမှလည်း မြစ်ဆုံစီမံကိန်းအား ပြန်လည်လုပ်ကိုင်လာမည်ကို စိုးရိမ်လျှက်ရှိသည်။ ထိုသို့စိုးရိမ်လျှက်ရှိသည့်အတွက် မြစ်ဆုံစီမံကိန်းရပ်ဆိုင်းရေးအတွက် လုပ်ရှားလျှက်ရှိသည်။

ထိုသို့မြစ်ဆုံစီမံကိန်းထာဝရရပ်ဆိုင်းရေး လှုပ်ရှားမှုတွင် အဓိကပါဝင်ခဲ့သည့် ဒေသခံ နှစ်ဦးအား CPI ကုမ္ပဏီမှ ဇွန်လ ၂၅ ရက်နေ့က ဆန်ထောက်ပံ့ခဲ့ခြင်းမှ ချန်လှပ်ခဲ့ကြောင်း ဒေသခံတစ်ဦး မှဆိုသည်။

မြစ်ဆုံစီမံကိန်းအား နိုင်ငံတော်သမ္မတ ဦးသိန်စိန်သည် ၎င်း၏လက်ထပ်တွင် ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။