Tuesday, July 15, 2014

မြန်မာစစ်တပ်များ အချင်းချင်း ပစ်ခတ်မှုကြောင့် (၂၀)ဦးထက်မနည်း ဒဏ်ရာရ

(Lachid Kachin) (Myutsawkasa)

ယခုရက်ပိုင်း မြန်မာစစ်တပ်၏ စစ်ရေးလှုပ်ရှားမှု


ပြီးခဲ့သည့် ၂၀၁၄၊ဇွန်လိုင် (၁၁)ရက်နေ့ က ရှမ်းပြည်မြောက်ပိုင်း KIA တပ်ရင်း 
(၃၈)နယ်မြေ ပန်ဆတ် နှင့် ခီးလာပါ ကျေးရွာ အကြား KIA တပ်ရင်း(၃၈)တပ်ဖွဲ့ 
ဝင်များ နှင့် အင်အား (၁၀၀)ကျော်ဖြင့် စစ်ကြောင်းထိုး တက်လာသော မြန်မာ
စစ်တပ် တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွား ခဲ့ရာ အစိုးရတပ် မှ ထိခိုက်ကျဆုံးမှု များ
ခဲ့ပြီး စစ်ကူရန် ထပ်မံတက်လာသော စစ်ကြောင်း နှင့် ၄င်းတို့ တပ်အချင်းချင်း 
မှားယွင်း ပစ်ခတ်မှုကြောင့် အနဲဆုံး (၂၀) ဦးထက်မနည်း ထိခိုက်သွားကြောင်း သိရသည်။


တိုက်ပွဲပြင်းထန်နေစဉ် အတွင်း မိမိ KIA,တပ်ဖွဲ့ ဝင်များ တိတ်တဆိတ် တိုက်ပွဲ
အတွင်း မှ ရှောင်ထွက်သွားခဲ့ရာ စစ်ကူရန်တက်လာသော အစိုးရတပ် နှင့် ၄င်း
တို့ တပ် အချင်းချင်း မှားယွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ 

ထိုတို့ မြန်မာ စစ်တပ် အချင်းချင်းမှားယွင်း ပစ်ခတ်မှုကြောင့်ဒဏ်ရာ ရသူများ
အား နမ့်တောင်း ကျေးရွာ သို့  ပို့ ထားပြီး ၊ ထိုမှတဆင့် လားရှိုး သို့ ဆက်လက် သယ်ဆောင် သွားကြကြောင်း ဒေသခံများထံမှ သတင်းရရှိပါသည်။




မြစ်ကြီးနား တစ်ဖက်ကမ်းရှိ ၀ိုင်းမော် မှ တဆင့် NDA-K နယ်ခြားစောင့်
တပ်များ ရှိရာ ချီဖွေ-ပန်ဝါ ဒေသ ဘက်သို့ ဦးတည်ကာ စစ်သားအပြည့် တင်ဆောင်ထားသော စစ်ကားကြီး (၅)စီး ဇွန်လှိုင် (၁၃)ရက် မနက် 
အစောပိုင်း (၉း၀၀) နာရီခန့် က တက်သွားကြောင်း မျက်မြင်တွေ့ ရှိသူ
များ ထံမှ သတင်းရရှိပါသည်။ 
ယခုလ အစောပိုင်းက မြောက်ပိုင်းတိုင်း တိုင်းမှုး ဗိုလ်ချုပ်ထွန်းထွန်းနောင် 
မှ အဆိုပါဒေသသို့ သွားရောက်ကာစစ်ဆင်ရေးအတွက်သွားရောက်ပြင်
ဆင်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည် ။

ဗန်းမော် ခရိုင် ကေအိုင်အေ တပ်ရင်း (၁၂) နယ်မြေ နမ့်အူကြီး ကျေးရွာ 
အတွင်းသို့  အစိုးရ တပ် ခလရ ( ၁၂၁ ) ( ၂၃၆ ) ပူးပေါင်း စစ်အင်အား 
( ၁၅၀) ခန့်  ဇွန်လှိုင် (၁၃ ) ရက် မနက် (၆း၀၀) ခန့် က ၀င်ရောက်လာကာ 
ရွာအတွင်း တပ်စွဲကာ စခန်းချနေကြောင်း သတင်းရရှိပါသည်။ 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။