Wednesday, June 25, 2014

TNLA နှင့် ဖြစ်ပွားသော မုန့်ယာ တိုက်ပွဲ၌ အစိုးရတပ်မှ (၆)ဦးကျ

(Lachid Kachin)

ရှမ်းပြည်နယ်မြောက်ပိုင်း KIA, တပ်မဟာ (၄)လက်အောက်ခံ KIA, တပ်ရင်း (၃၆)
အုပ်ချု ပ်နယ်မြေ အတွင်းရှိ မုန့်ယား - နမ့်မွေချောင်းတံတား တွင် (၂၄.၆.၂၀၁၄)ရက်နေ့ နံနက် အစောပိုင်း၌ TNLA နှင့် မြန်မာ အစိုးရ
စစ်တပ် တို့ တိုက်ပွဲ ဖြစ်ပွားကြောင်း သတင်းရရှိပါသည်။


၂၄ ၊ ၆ ၊ ၂၀၁၄ ရက်နေ့ နံနက် အစောပိုင်း (၄း၃၀) မှ ( ၅း၀၀)နာရီ 
အကြား KIA တပ်မဟာ (၄)ဒေသ၊ KIA, တပ်ရင်း (၃၆)အုပ်ချု ပ် ဒေသဖြစ်
သော မုန့်ယား - နမ့်မွေချောင်းတံတား ၌ လမ်းသွားလမ်းလာ အများပြည်
သူများအား ငွေ ညှစ်တောင်းခံ နေသော မြန်မာ အစိုးရစစ်တပ် အား TNLA တအာင်းတပ်ဖွဲ့ များမှ သွားရောက် တိုက်ခဲ့ကြောင်း သိရှိရပါသည်။

ဤတိုက်ပွဲ တွင် မြန်မာ စစ်တပ်ဘက်မှ မည်မျှ သေဆုံးသည် ကို သေးစိတ်
မသိရှိ သော် လည်း တိုက်ပွဲ အတွင်းကျဆုံးသော မြန်မာ စစ်သား အလောင်း (၆)လောင်း အား ဒေသခံ ရွာ သားများမှ သွားရောက် မြှပ်နှံ ပေးခဲ့ ရကြောင်း 
၊ ထို့ အပြင် ဒဏ်ရာရရှိသူများ လည်း အများအပြားရှိ ကြောင်း ဒေသခံ ရွာသား 
များထံ မှ သတင်းရရှိပါသည်။

မြန်မာ အစိုးရ စစ်တပ် မှ လူနေ ရွာ ထဲ သို့ လက်နက်ကြီးများ ပစ်ထည့် ခြင်း
ကြောင့် မြန်မာ အစိုးရ စစ်တပ်၏ လက်နက်ကြီးကျည်ဆံ ထိမှန် ပြီး ရွာသား
များ၏ နေ အိမ်(၃)လုံး ထိခိုက် ပျက်ဆီး ကာ အပြစ်မဲ့ ရွာသား အမျိုးသမီး 
(၁)ဦးလည်း ခြေတောက်၌ ကျည်ဆံ ထိမှန် ဒဏ်ရာရရှိ ကြောင်း သတင်း
ရရှိ ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။