Wednesday, June 25, 2014

TNLA မှ မုန့်ယား တံတား ရှိ တပ်မ (၁၁)အားတိုက်ခိုက်

(Lachid Kachin)

ရှမ်းပြည်နယ်မြောက်ပိုင်း KIA, တပ်မဟာ (၄)လက်အောက်ခံ KIA, တပ်ရင်း (၃၆)အုပ်ချု နယ်မြေ အတွင်းရှိ မုန့်ယား - နမ့်မွေချောင်းတံတား တွင် ယနေ့ 
နံနက် (၂၄.၆.၂၀၁၄)ရက်နေ့ နံနက် အစောပိုင်း၌ TNLA နှင့် မြန်မာ အစိုးရ 
စစ်တပ် (တပ်မ-၁၁) တို့ တိုက်ပွဲ ဖြစ်ပွားကြောင်း သတင်းရရှိပါသည်။


၂၄ ၊ ၆ ၊ ၂၀၁၄ ရက်နေ့ နံနက် (ယနေ့ )နံနက် အစောပိုင်း (၄း၃၀) မှ ( ၅း၀၀) 
နာရီ အကြား KIA တပ်မဟာ (၄)ဒေသ၊ KIA, တပ်ရင်း (၃၆)အုပ်ချု ပ် ဒေသဖြစ်
သော မုန့်ယား - နမ့်မွေချောင်းတံတား ၌ လမ်းသွားလမ်းလာ အများပြည်
သူများအား ငွေ ညှစ်တောင်းခံ နေသော မြန်မာ အစိုးရစစ်တပ် (တပ်မ-၁၁)
၏ လက် အောက်ခံ တပ်များအား TNLA တအာင်းတပ်ဖွဲ့ များမှ သွားရောက် တိုက်ခဲ့ကြောင်း သိရှိရပါသည်။

ထို့ နောက် မြန်မာ စစ်တပ် များသည် မုန့်ယား-မန်ဂျေ လူနေ ရွာထဲသို့ လက်နက်ကြီးများ ဖြင့်ပရမ်းပတာပြန်ပစ်ခတ် နေ ကြောင်း သိရှိရပါသည်။

မြန်မာစစ်တပ်၏ရွာထဲသို့လက်နက်ကြီးပစ်ခတ်မှုကြောင့်ခရစ်ယာန်မူကြို
ကျောင်းဝင်းရှိ ဆရာမ ဖကောန် ဂျာဘောက် ရဲ့ နေအိမ်နား မြန်မာ စစ်တပ်၏ လက်နက်ကြီး ၊အမြောက်ကျ ည်ဆံကျကွဲကာ ကလေးအမေ အမျိုးသမီး ဦးဇော်တောင် ၏ အမျိုးသမီး ဒေါ်လဗျ ရွယ် ၏ ခြေထောက် ၌ ကျည်ဆံထိမှန် 
ဒဏ်ရာရ ရှိသွားကြောင်းသတင်းရရှိပါသည်။ 

တိုက်ပွဲတွင်နှစ်ဘက် စစ်တပ်တို့ရဲ့ ထိခိုက်ကျဆုံးမှု အခြေအနေမသိရှိရသေးပါ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။