Wednesday, June 18, 2014

KIA တပ်မဟာ(၄) တွင် တိုက်ပွဲဆက်ဖြစ်

(Lachid Kachin)

ဇွန်လ (၁၆) ရက် မနက် (၁၀း၃၀) နာရီခန့် က ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ(၄) တပ်ရင်း (၂) နယ်မြေ ကောင်းဆာ ဒေသ သို့ ဝင်ရောက်လာသော အစိုးရတပ် ခလရ( ၂၁၅ ) ခလရ (၂၁ရ ) ပူးပေါင်းစစ်ကြောင်း အား မိမိ ကေအိုင်အေ တပ်ဖွဲ့ ဝင်များ မှ ဟန့် တား တိုက်ခိုက်ရာ မှ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။

ထို့ အပြင် KIA တပ်မဟာ(၄) တပ်ရင်း (၃၈) တပ်ဖွဲ့ များ စခန်းချထားရာ မန်ဂျတ် စခန်းရှိရာသို့  မြန်မာအစိုးရတပ် ခမရ ( ၃၂၃ ) တပ် နှင့် ကွတ်ခိုင်ပြည်သူ့ စစ် များ ပါဝင်သော ပူးပေါင်း အဖွဲ့ တို့ သည် (၆၀) မမ လက်နက်ကြီးများ ဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သည့်အပြင် လက်နက်ငယ်များ ဖြင့်ပါ ထပ်မံ ပစ်ခတ်ခဲ့ကြောင်း သိရသည် ။ ကေအိုင်အေ တပ်ဖွဲ့ ဝင်များ ရှိရာ အရပ် နှင့် အလွန်ဝေးကွာသော နေရာများသို့ သာ လက်နက်ကြီးကျည်များ ကျရောက်သောကြောင့် ကေအိုင်အေ တပ်ဖွဲ့ ဝင်များ မှ ပြန်လှန်ပစ်ခတ်ခြင်း မရှိခဲ့ရာ ၄င်းပူးပေါင်းစစ်ကြောင်း သည် ဆာဝမ် ဟုခေါ်သော ကျေးရွာဘက်သို့ ဦးတည်ကာ ပြန်လည်ထွက်ခွာသွားကြကြောင်း သိရှိရပါသည် ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။