(Lachid Kachin)
ရှမ်းပြည်နယ်မြောက်ပိုင်း KIA, တပ်မဟာ (၄) လက်အောက်ခံ KIA, တပ်ရင်း
(၃၆) ဒေသ အတွင်းသို့ ထိုးစစ်ဆင်ကျူးကျော် ၀င်ရောက်လာသော မြန်မာ
အစိုးရ စစ်တပ် နှင့် KIA, တပ်ရင်း (၃၆)တပ်တို့ တိုက်ပွဲ ဖြစ်ပွား ကြောင်း သတင်း
ရရှိပါသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း KIA, တပ်ရင်း (၃၆)ဒေသ သို့ ထိုးစစ်ဆင် ကျူးကျော်
ဝင်ရောက်လာသော မြန်မာ အစိုးရ စစ်တပ် လားရှိုး ရပ်ကွက် (၅) အခြေစိုက်
(ခ.မ.ရ-၅၀၇)တပ် နှင့် KIA, တပ်ရင်း (၃၆)တပ်ဖွဲ့ ၀င်တို့ (၄.၆.၂၀၁၄)ရက်နေ့
မွန်းလွဲ (၂)နာရီ အချိန် ပန်ဆိုင်း နှင့် ဖိုင်ကောင်း ရွာ အကြားတွင် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားကြောင်း သတင်းရရှိပါသည်။
တိုက်ပွဲ အတွင်း အစိုးရစစ်တပ်ဘက်မှ (၁)ဦးသေဆုံးပြီး အရာရှိ (၁)ဦးအပါအ၀င်
အများအပျား ထိခိုက်ဒဏ်ရာရရှိ ကြောင်းသိရှိရပါသည်။ ယခုအခါ ဒဏ်ရာရရှိသော
မြန်မာ စစ်သား (၆)ဦးအား ပန်ဆိုင်းမြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသ လျှက်ရှိပြီး
အရေးကြီးသော ဒဏ်ရာရ စစ်သားများအား မှုဆယ်ဆေးရုံသို့ ပို့ဆောင် လိုက်ပြီ
ဖြစ်ကြောင်း KIA, တပ်ရင်း(၃၆) ရှေ့တန်းအရာရှိများထံ မှ သတင်းရရှိပါသည်။

No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။