Wednesday, June 11, 2014

ကုမ္ပဏီမှ လယ်ယာသိမ်းဆည်းမှုကြောင့် တောင်သူများ အခက်ကြုံ

(Kachin Waves)

မြစ်ကြီးနားမြို့မလိခ နန်းကွေ့ကျေးရွာရှိ ဒေသခံပြည်သူများ၏ လယ်ယာမြေများ
အား ပုဂ္ဂလိက လုပ်ငန်းရှင်ဖြစ် သူ ဦးအောင်ရွှေမှ ဖျက်ဆီး သိမ်းဆည်းလိုက်မှုကြောင့် ဒေသခံများမှ လုပ်ကိုင်စားသောက်ဖို့ အခက်အခဲများစွာ ကြုံတွေ့နေကြောင်းသတင်းရရှိသည်။

“ ငွေရေးကြေးရေး အခက်အခဲများစွာ ရှိပါတယ်။ တစ်ချို့ဆိုရင် ကလေးတွေကိုကျောင်းမထားနိုင်တော့
ဘူး။” ဟု လယ်သမားဦးယောဘွမ်မှ ပြောသည်။

နန်းကွေ့ ကျေးရွာရှိဒေသခံပြည်သူများမှာ ၁၉၉၇ ခုနှစ် မှစ၍လယ်ယာလုပ်ငန်းကို တရားဝင်လယ် လုပ်ပိုင် ခွင့် ဖြင့်လုပ် ကိုင် လျက်ရှိရာ ဒေသအတွင်းမတည်ငြိမ်မှုကြောင့် ၂၀၁၁ ခုနှစ်တွင် လယ်ယာလုပ်ငန်းကိုရပ်နား ထားရာ ဦးအောင်ရွှေမှ ဒေသခံများအား အကြောင်းမကြားပဲ ဒေသခံပိုင် လယ်ယာမြေများအား မြေကော် မြေတူးစက်များဖြင့် ဖျက်ဆီး ပြုပြင်မှု များပြုလုပ်ခဲ့သည်။

ဤသို့ ဖျက်ဆီးမှုများပြုလုပ်ခြင်းကြောင့် ဒေသခံလယ်ယာလုပ်ကိုင်သူများမှ မြို့နယ်အဆင့်ဆင့် ပြည်နယ် အဆင့်ဆင့် ထိစာထည်၊့ စာပို့ပေမယ့် ယခုချိန်ထိ တစ်စုံတစ်ရာအရေးယူပေးခြင်းမရှိကြောင်းလည်းသိရသည်။ 

“ မြို့နယ်မှာရော ပြည်နယ်မှာရောစာထည့်ထားတယ်။ ၇.၄.၂၀၁၄နေ့မှာ နေပြည်တော်ထိ စာပို့ထားတာ ထူးခြားမှုမရှိဘူးလို့” ဟုဦးယောဘွမ်မှ ပြောသည်။
ဦးအောင်ရွှေမှ မလိခ နန်းကွေ့ကျေးရွာရှိ လယ်ယာလုပ်ကိုင်သူများမှ ဖျက်ဆီး ပြုပြင် သိမ်းဆည်းထားသော လယ် ဧက ၄၀၀ ခန့်ရှိကြောင်းလည်းသိရသည်။

ယခုအချိန်တွင် ဒေသခံလယ်ယာလုပ်ကိုင်သူများက ဦးအောင်ရွှေအား လယ်ယာဖျက်ဆီး ပြုပြင် သိမ်းဆည်းမှု ဖြင့် မြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ဆို ထားကြောင်းလည်း သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။