Thursday, June 5, 2014

မြစ်ကြီးနား မြို့ပေါ် ကျောင်းများတွင် ငွေးကြေးမတတ်နိုင်သည့် အတွက် ကျောင်းမတက်နိုင်သူရှိ

(Kachin Waves)

ကချင်ပြည်နယ်မြစ်ကြီးနားမြို့ရှိ အချို့ကျောင်းများတွင် ကျောင်းအပ်ရာတွင် အခက်အခဲများစွာရှိသည့် အတွက် ကျောင်းမတတ်နိုင်သည့် ကျောင်းသူ ကျောင်းသားများ ရှိနေကြောင်း သတင်းရရှိသည်။

“ကျွန်မသား ကျောင်းသုံးကျောင်းမှာ အပ်တယ်။ အပ်လို့မရဘူး။ အခုက စိတ်ဓာတ်ကျပြီး အစိုးရကျောင်းမတက်ခိုင်းတော့ဘူး။ တရုတ်ကျောင်းပဲ တက်ခိုင်းတော့မယ်။ သားလည်း မတတ်ချင်တော့ဘူး။”ဟု သူငယ်တန်း ကျောင်းသား တစ်ဦး၏မိခင် ဒေါ်ဂျာဖန်မှဆိုသည်။


သူသားအား အစတွင် အမက(၁၈) ကျောင်းတွင် အပ်ရန်စီစဉ်ထားပြီး ဆရာကြီးနှင့်သွားတွေ့စဉ် မေ ၂၉ ရက်နေ့မှ ပြန်လာခဲ့လို့ပြောဆိုလိုက်ပြီး ထို မေ ၂၉ ရက်နေ့ သားအမိမှ ပြန်သွားချိန် ဆရာကြီးမှ အခုမှလာမနေနဲ့ ပြန်တော့လို့ပြောသည့် အတွက် ပြန်ခဲ့ရကြောင်းလည်းဆိုသည်။

နောက်နေ့တွင် စီတာပူအထက်တန်းကျောင်း နှင့် အလက(၆) ကျောင်းတွင် သွားအပ်ခဲ့သော်လည်း စာရင်းပိတ်သွားပြီဖြစ်ကြောင်း ကျောင်းမှ ပြောခဲ့သည့်အတွက် ယခုအချိန်တွင် တရုတ်ကျောင်းသာ အပ်တော့မည်ဖြစ်ကြောင်းလည်း ဒေါ်ဂျာဖန်မှဆိုသည်။

‘နိုင်ငံတော်ရဲ့ ပေါ်လစီအရ ကျောင်း မတတ်နိုင်သည့် လူမရှိအောင် ဆက်လက်လုပ်ဆောင်နေတယ်။ လာမဲ့ (၆) ရက်နေ့လည်း မြို့ပေါ်ရှိ ကျောင်းအုပ်တွေကိုစုပြီး သတိပေးသွားမယ်။အခုလည်း တစ်နေ့ကို (၂) ကျောင်းပုံမှန်စစ်နေတယ်။”ကချင်ပြည်နယ် လူမှုရေး နှင့်ပညာရေး ၀န်ကြီးမှဆိုသည်။

မြစ်ကြီးနားမြို့ပေါ်ရှိ ကျောင်းများတွင် ဆရာမ များနှင့် သိပြီး ပိုက်ဆံပေးနိုင်မှသာ ကျောင်းအပ်နိုင်ကြောင်းလည်း ကျောင်းသားမိဘတစ်ဦးမှဆိုသည်။

အချို့ကျောင်းများတွင် တက်ချင်ရင် ကျောင်းအုပ်များ၏ အိမ်တွင် ကျောင်းအုပ်များနှင့်သွားတွေ့ကာ ငွေးကြေးများ ပေးထားမှသာ ကျောင်းတက်နိုင်သည်။ ကျောင်းအုပ်များနှင့် အရင်မတွေ့ ကျောင်းသွားအပ်ရင် လက်မခံကျောင်းလည်း သိရသည်။

“ကျွန်မသားလည်း အစက အလက(၆) မှာ သွားအပ်တယ် လက်မခံဘူး။ ပြီးတော့ စီတာပူကျောင်းကိုသွားအပ်တယ် မှန်းထားတာထက် ကျောင်းသားများသွားပြီးလို့ပြောတယ်။ နောက် အလက(၆) က ဆရာမ တစ်ယောက်ကို အကူအညီတောင်းပြီး အပ်လိုက်မှရသွားတာ။”ဟု ကျောင်းသားမိဘတစ်ဦးမှဆိုသည်။

ကချင်ပြည်နယ်တွင်မူလတန်းမှ အထက်တန်းအထိ ကျောင်းပေါင်း ၁၄၂၄ ကျောင်းရှိသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။