Monday, June 9, 2014

ကချင်စစ်ပွဲသုံးနှစ်ပြည့် အစာရှောင်ဆုတောင်းပွဲကျင်းပ

(Kachin Waves)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တွင် ယနေ့ နံနက် (၆) နာရီ အချိန်မှစတင်ပြီး ကချင်ပြည်သူလူထုနှင့် စစ်ဘေးဒုက္ခသည်များ စစ်ပွဲသုံးနှစ်ပြည့် အစာရှောင်ဆုတောင်းခြင်း နှင့် လမ်းလျှောက်ခြင်းအစီအစဉ် ပြုလုပ်ခဲ့ကြောင်းသတင်း ရရှိသည်။

အဆိုပါ လမ်းလျှောက်ခြင်းအား မြစ်ကြီးနားမြို့ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် (KBC)ရုံး မှစတင်ပြီး မနောကွင်းအတွင်း လူထုစုဝေးကာ နောင်နန်း ကျမ်းစာကျောင်း ရှိ အေဒီ ၂၀၀၀ ဂျူဗလီဟောတွင်ဆုတောင်း ဝတ်ပြုခြင်းအခမ်းအနားပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 


“ရည်ရွယ်ချက်ကတော့ ဒီသုံးနှစ်အတွင်း ခက်ခဲတယ်။ ကြမ်းတမ်းတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဖြတ်ကျော်နိုင်ခဲ့တဲ့ အတွက် ဘုရားသခင်ကိုကျေးဇူးတင်တယ်။” ဟု ကချင်နှစ်ခြင်းခရစ်ယာန်အတွင်းရေးမှူ ဒေါက်တာ ဆမ်ဆွန်က ပြောသည်။

အခမ်းအနားတွင် ကချင်အနုပညာရှင်များ နှင့် ကလေးငယ်တို့ မှတေးသီချင်းများဖြင့် ဂုဏ်တော်ချီးမွှမ်းခြင်း ၊ စစ်ဘေးဒုက္ခသည်များမှ သက်သေခံခြင်းတို့ လည်းပြုလုပ်ခဲ့သည်။

“ ခံစားချက်ကတော့ စိတ်ပျော်တယ်။ ဒီစစ်ပွဲ အမြန်ပြီး ပြီးကျွန်မတို့တိုင်းပြည် မြန်မြန်ထူထောင်နိုင်ပါစေ။ စိတ်ထဲမှာအရမ်းလည်းခံစားရတယ်။ ဒီလိုမျိုး အားလုံးပါဝင်တဲ့အတွက်ကြောင့်မို့ လို့ပျော်ပါတယ်။” ဟု ပွဲပါဝင် သူတစ်ဦးမှ ပြောသည်။

ဤစစ်ပွဲသုံးနှစ်ပြည့် ဆုတောင်းပွဲတွင် လူဦးရေ စုစုပေါင်း ငါးထောင်ကျော် ပါဝင်ခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။