Thursday, June 5, 2014

မြစ်ကြီးနား-ဖားကန့်လမ်း၏ ကြေးအကြီးဆုံး ရှဒေါင်ဂိတ်

(Kachin Waves)

တနိုင်း ပယင်းမှော်မှ ပစ္စည်းသိမ်းပြီးပြန်လာ သည့် ပြည်သူများအား ရှဒေါင်ဂိတ်များမှ တာဝန်ရှိသူများမှ ဂိတ်တွင် စစ်ဆေးကာ ပိုက်ဆံတောင်း ယူပြီး မြစ်ကြီးနား သို့ ခရီးဆက် ခိုင်းခဲ့ပြီးနောက် မှ ဆိုင်ကယ်ဖြင့် ပြန် လိုက်ကာ မြစ်ကြီးနား သွားသည့် လမ်းလယ် တွင် ငွေကြေးထပ် မံတောင်းဆိုခဲ့ကြောင်း သိရသည်။

ပယင်း အား မြစ်ကြီးနား နှင့် ၀ိုင်းမော်မြို့များတွင် လွတ်လပ်စွာ ရောင်းဝယ်နေကြသည်။

ထိုဂိတ်သည် ဌာနပေါင်းစုံမှ လူများထိုင်ထားပြီး ဂိတ်ကြေးအများဆုံးပေးရသည့် ဂိတ်ဖြစ်သည်။ ဂိတ်ခွန်များအား မည်သည့်ဖြတ်ပိုင်းနှင့်မျှကောက်ခံခြင်းမဟုတ်ပဲ ဒီအတိုင်း စိတ်ကြိုက် ကောက်ခံနေခြင်းဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။