Saturday, June 21, 2014

တပ်မ(၆၆) မှ ရေမဆေးကျောက်ရှာသူများဖမ်းဆီးပြီး ငွေကြေးဖြင့် ပြန်လည် ရွေးယူခိုင်း

(Kachin Waves)
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကထန်မှော်တွင် အစိုးရစစ်တပ် တပ်မ(၆၆)မှ ရေမဆေးကျောက် ရှာသူ နှင့် တပိုင်တနိုင်ကျောက် တူးဖော်သူများအား လိုက်လံဖမ်း ဆီးပြီး ငွေကြေးဖြင့် ပြန်လည်ရွေး ယူခိုင်းကြောင်းသတင်း ရရှိသည်။

“ လူတစ်ယောက်ကို ၅၀၀၀ ကျပ် စက်ပစ္စည်းဆိုရင် ၅၀၀၀၀ ကျပ် နဲ့ ရွေးခိုင်းတယ်။” ဟု ကထန်မှော်ရှိ ကျောက်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဖားကန့် မြို့တွင် ဇွန် ၁၂ ရက်နေ့ နောက်ဆုံးထား၍ ရွှေမျှောတိုက်သူနှင့် ရေမဆေးကျောက်ရှာသူ တပိုင်တနိုင် ကျောက်တူးဖော်သူများအား မိုးတွင်းကာလဖြစ်သည့်အတွက် အသက်အန္တရာယ်ဆုံးရှုံးမှု မဖြစ်စေအောင် ယာယီပိတ်ပင်ထားမည် ဖြစ်ကြောင်း အစိုးရသတ္တုတွင်း ဝန်ကြီးဌာနမှ ကြော်ငြာချက်ထုတ်ပြန်ထားကြောင်း သိရသည်။

ဖားကန့်မြို့နယ်ရှိ ကထန်မှော်အား ယနေ့ ဇွန် ၂၀ တွင် ပိတ်ထားကြောင်းသိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။