Friday, June 20, 2014

တနိုင်းဒေသရှိ ပယင်းမှော်များ ပိတ်ထားဆဲ

(Kachin Waves)

ကချင်ပြည်နယ် တနိုင်းမြို့ နယ်ရှိ ပယင်းမှော်များကို လွန်ခဲ့သည့် ဧပြီလ (၅)ရက်နေ့ တွင် ကေအိုင်အေ တပ်မဟာ(၂) လက်အောက်ရှိ တပ်ရင်း (၁၄)နှင့် အစိုးရစစ်တပ် တပ်မ(၆၆) လက်အောက်ခံတပ်ရင်းတို့ စစ်ရေးတင်းမှာမှုဖြစ်ပွားခဲ့သည့် အချိန်မှယခုအချိန်ထိ ပိတ်ထားကြောင်းသိရသည်။

ကေအိုင်အေမှ ဒုဗိုလ်မှူးကြီးက “ ကျွန်တော်သိတာက မှော်တွေ အခုထိပိတ်ထားတယ် ဒါပေမဲ့ တစ်ချို့  လူတွေကလည်း သူတို့ လမ်းကြောင်းနဲ့ သူတို့ ခိုးဝင်ပြီး တူးနေတဲ့သူတွေလည်း ရှိမယ် လို့ထင်တယ် ” ဟုပြောသည်။


အစိုးရစစ်တပ် တပ်မ(၆၆)လက်အောက်ခံတပ်ရင်းတို့လည်း ပုံမှန်နေရာ ယူနေစဲဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

ပယင်းမှော်သို့ သွားရောက်လုပ်ကိုင်သော်လည်း ကေအိုင်အေ စစ်တပ်မှ ပြန်ခိုင်းသည့်အတွက် ပြန်လာသူတစ်ဦးက “ ပယင်းမှော်က ပြန်ခိုင်းလို့ ပြန်လာတာ။တနိုင်းတတ်တာ ခရီးစရိတ်ကုန် တာဘဲ အဖတ်တင်တယ်” ဟုပြောသည်။

ပယင်းမှော်မဖွင့်သေးသည့်အတွက် လာရောက်လုပ်ကိုင်နေသူများကို ကေအိုင်အေ စစ်တပ်မှ အကုန်လုံးကို ပြန်ခိုင်းသည့်အတွက် အားလုံးပြန်လာရကြောင်း၎င်းကပြောသည်။

ပယင်းမှော်သာပိတ်ထားပြီး ရွှေမှော်များတူးခွင့်ရှိကြောင်းလည်း ဒေသခံများ ကပြောသည်။ ပယင်းလုပ်ငန်းသာ လုပ်ကိုင်သူများက ပယင်းမှော်ပိတ်သည့်အတွက် ပြန်လာရကြောင်းသိရသည်။

လွန်ခဲ့သည့် ဧပြီလ (၅)ရက်နေ့ တွင် ကေအိုင်အေ တပ်မဟာ(၂) လက်အောက်ရှိ တပ်ရင်း (၁၄)နှင့် အစိုးရစစ်တပ် တပ်မ(၆၆)တို့ စစ်ရေးတင်းမှာမှုဖြစ်ပွားခဲ့ သည့် အတွက် ပယင်းမှော်တွင် လုပ်ကိုင်နေကြသည့် သူများ တနိုင်းမြို့ တွင် နေထိုင်သူများ ရှိနေကြောင်းလည်း ပြောသည်။

တနိုင်းမြို့ နယ်ရှိ ပယင်းမှော်များမှာ ညောင်ပင်ကုန်း၊ဇီးဖြူကုန်း၊ဖားအိုင် ၊ပိန္နဲကုန်း၊အောင်ဘာ မှော်နှင့် စုစုပေါင်း ပယင်းမှော်(၇)ခုခန့်ရှိကြောင်း၊အဆိုပါ ပယင်းမှော်တွင် လုပ်ကိုင်နေသူများမှာ မြန်မာနိုင်ငံနေရာ အနှံအပြားမှ လာရောက်လုပ်ကိုင်နေသူများ သိန်းနဲ့ချီရှိကြောင်းသိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။