Thursday, June 19, 2014

တအာင်းဒေသတွင် နေ့စဉ် ရက်ဆက် တိုက်ပွဲဖြစ်ပွားနေ

(ရွှေဟင်္သာသတင်းဌာန)

ယနေ့ ဇွန်လ (၁၈)ရက်နေ့ နေ့လည် (၁၂)နာရီခွဲ နီးပါး အချိန်တွင် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ဗျူဟာ(၂) ကွပ်ကဲမှုလက်အောက်ရှိ တပ်ရင်း(၅၂၇)တပ်ဖွဲ့နှင့် တပ်မ(၇၇) စစ်ကြောင်း တို့သည် ရှမ်းပြည် မြောက်ပိုင်း ကျောက် မဲမြို့နယ်၊လွယ်ဆာ ကျေးရွာနှင့် မင်းကုန်း ကျေးရွာ ကြားတွင် တနာ ရီကျော် ရင်ဆိုင်တိုက်ပွဲ ဖြစ် ပွားခဲ့သည်ဟု TNLA ပြန်ကြား ရေးမှ ထုတ်ပြန်ထား ပါသည်။ 
 
ထိခိုက်ကျဆုံးမှု မသိရသေး သော်လည်း တအာင်း ဒေသတွင် (၅)ရက် ဆက်တိုက် တိုက်ပွဲ ဖြစ်ပွား နေခဲ့ပါသည်။ တ အာင်း ဒေသတွင် တပ်မ(၇၇) စစ်ကြောင်း များ အပြင် တပ်မ (၈၈) စစ်ကြောင်းများပါ တိုးလာနေသည်ဟု KIA တပ် မ ဟာ (၄) သတင်းမှ ဆိုပါသည်။
 

အလားတူ မာန်နေ့ ဇွန်လ ၁၇ ရက်နေ့ နေ့လည် (၁၀) နာရီတွင် လည်း (TNLA) ဗျူဟာ(၃)ကွပ်ကဲမှု အောက်ရှိ တ ပ်ရင်း (၃၇၆) တပ်ခွဲ(၃) နှင့် အစိုးရ တပ်မ (၇၇)မှ ရေပုံး အခြေစိုက် စစ်ကြောင်း တို့သည်  ရှမ်းပြည် မြောက်ပိုင်း မိုး မိ တ်မြို့နယ်၊တုံးကြီးကျေးရွာ နှင့် လွယ်မောက် ကျေးရွာ ကြားတွင် နေ့လည် (၁၁) နာ ရီ(၁၅) မိနစ် အချိန်ထိ တစ်နာ ရီ ကျော်ကြာရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါး ခဲ့သည်ဟု ဆိုပါသည်
ယင်းတိုက်ပွဲတွင် အစိုးရ တပ်ဖွဲ့ဖက်မှ ရဲဘော် နှင့် အခြားအဆင့် (၅) ဦးကျဆုံးသည်ဟု TNLA ပြန်ကြား ရေးမှ ဆိုပါ သည်။TNLA တို့သည် အစိုးရ တပ်ဖွဲ့များ နှင့် သီးခြား တိုက်ပွဲများ ဆင်နွှဲနေသလို KIA တပ်မဟာ (၄) နှင့် မန်မာ ပြည် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မ တော် (MNDAA) (ကိုးကန့်တပ် မတော် ) တပ်ဖွဲ့ တို့နှင့် လည်း ပူးပေါင်းစစ် ဆင်နေပါသည်။  
ရှမ်းပြည်မြောက်ပိုင်း ရှိ တအာင်း ဒေသနှင့် ကချင်ပြည် နယ် တောင်ပိုင်း ဗန်မော်ခရိုင် တို့တွင် အစိုးရ တပ်(၇၇)စစ် ကြောင်းများ၊ အမှတ် (၂၁)နှင့် အမှတ် (၁၆) စစ်ဆင်မှု ကွပ်ကဲမှု ဌာနချုပ် တပ်များအပြင် တပ်မ(၈၈) စစ်ကြောင်း များ ပါ တိုးချဲ့စစ်ဆင်နေကြောင်း KIA နှင့် TNLA သတင်းများမှ ဆိုပါသည်။
အလားတူ အစိုးရ တပ်များသည် ရှမ်းပြည် မြောက်ပိုင်းရှိ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) စခန်းများပါ တိုက်ခိုက် ခဲ့ပါသည်။ ဤသို့ကြောင့် လက်ရှိ တိုက်ပွဲများ သည် အစိုးရ နှင့် အပစ်အခတ် ရပ်စဲခြင်း မရပ်စဲခြင်းနှင့် မသက်ဆိုင်ဘဲ အစီစဉ်ရှိရှိ တိုက်ခိုက် လာနေသည်ဟု စစ်ရေး အကဲခတ်များမှ ဆိုပါသည်။
သို့သော် မြောက်ပိုင်းတိုင်း အရာရှိတဦးသည် KIA တပ်မဟာ (၃)မှ လက်ရှိ တိုက်ခိုက်မှုများ သည် ‘‘ပုံမှန် အ တိုင်း သွားလာ နေတဲ့ ကျွန် တော်တို့ စစ်ကြောင်းတွေ ကို ရွာဘေး ကနေ ထွက်ပစ် လို့ဖြစ်တာပါ။ သွားရောက်ပြီး တော့မှ ရည်ရွယ် ချက်နဲ့ တိုက် တာ မျိုးမဟုတ်ပါ ဘူး’’ဟု (7) Day ဂျာနယ်အား ပြောကြား ခဲ့ပါသည်။
မည်သို့ ပင်ဆိုစေ တိုင်းရင်းသား တပ်များသည် အစိုးရတပ် များအား စစ်ဆင်နေခြင်း မဟုတ်ဘဲ အစိုးရ တပ်ဖက်မှ (တခုနား တခု လှုပ်ရှား) နည်းဗျူဟာဖြင့် စစ် ကွက်နှင့် တပ်မတပ် များ တခုပြီးတခု ပြောင်းလဲပြီး စစ်ဆင်နေ သည်မှာ ထင်ရှားလှ ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။