Wednesday, June 18, 2014

အပြစ်မဲ့ ကလေး(၅)ယောက်ဖခင် ကချင်အမျိုးသားအား အစိုးရတပ် ခမရ (၃၁၈) မှ ပစ်သတ်

(EEDY)

ကေအိုင်အေ တပ်ရင်း(၁၂) နယ်မြေ မုန်ဒိန်ပါ ကျေးရွာ ရပ်ကွက် (၃) တွင် နေထိုင်သူ ကလေး(၅)ယောက် ဖခင်တစ်ဦးဖြစ်သူ ဦးအင်ဗျန် ဂမ်ရှောင် အသက်(၄၄)နှစ် အား ဇွန်လ(၁၆)ရက် မနက် (၅း၀၀)နာရီ အချိန်ခန့် တွင် ၄င်းတို့ မိသားစုများ စစ်ဘေးရှောင် ခိုလှုံနေရာ မန်ဂျယ် ဒုက္ခသည် စခန်း မှ မိမိအိမ်ရှိရာ မုန်ဒိန်ပါကျေးရွာသို့  ဆိုင်ကယ်စီး၍ ပြန်လာရာ လမ်းတစ်ဝက် အရောက်တွင် မြန်မာအစိုးရတပ် ခမရ (၃၁၈) တပ်ဖွဲ့ ဝင်များ နှင့် ပက်ပင်းတိုးကာ စစ်ဆေးမေးမြန်းမှု မရှိဘဲ ပစ်သတ်လိုက်ကြောင်း မုန်ဒိန်ပါကျေးရွာ ဒေသခံများ မှ သတင်းပေးပို့ သည် ။ ယခုအခါ ပစ်သတ်ခံရသူ ၏ ဇနီး နှင့် သားသမီး (၅)ယောက် မှာ မန်ဂျယ် ဒုက္ခသည် စခန်းတွင် ခိုလှုံနေဆဲဖြစ်ပြီး အလွန်အမင်း ၀မ်းနည်းပူဆွေးသောက ရောက်နေကြောင်း ထပ်မံသိရသည်။


ထို့ အပြင် အဆိုပါ အစိုးရတပ် ခမရ (၃၁၈) တပ်ဖွဲ့ ဝင်များ သည် မုန်ဒိန်ပါကျေးရွာ အတွင်းသို့ ထပ်မံဝင်ရောက်လာကာ တစ်အိမ်တက်ဆင်း အကြောင်းမဲ့ မွှေနှောက်ရှာဖွေ ရုံမက ကျေးရွာ အသင်းတော် မှ ဘာသာရေး ဆရာမ (၂)ဦးဖြစ်သူ အား သေနတ်ဖြင့် ချိန်ကာ ပစ်သတ် ပစ်မည်ဟု ခြိမ်းခြောက်သည့် အပြင် ဆွဲလား ရမ်းလား လုပ်ကာ စစ်ဆေးမေးမြန်း ပြီး ပြန်လွတ်လိုက်ကြောင်း ဒေသခံများမှ ပြောကြားသည် ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။