Saturday, June 14, 2014

ရှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) ဒေသမှ တိုက်ပွဲ အခြေအနေများ

(ရွှေဟင်္သာသတင်းဌာန)

ယနေ့ဇွန်လ (၁၄)ရက်နေ့ ညနေ (၃)နာရီ (၄၅)မိနစ် တွင် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း (၇၁၇) တပ်ဖွဲ့နှင့် အစိုးရစစ်ကြောင်း တကြောင်းသည် မိုးမိတ်မြို့နယ် ပန်စကျေး(ပင်ရှာစေး)ရွာတွင် ညနေ (၄)နာရီ (၃၀)မိနစ်အထိ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု TNLA ပြန်ကြားရေးမှ သတင်းထုတ်ပြန်ထားပါသည်။
ထိခိုက်ကျဆုံးမှု အခြေအနေ မသိရသေးသော်လည်း ယင်းတိုက်ပွဲတွင် အစိုးရတပ်ဖက်မှ လက်ဦးပြီး ပစ်ခတ်ခဲ့ သည် ဟု ဆိုပါသည်။

အလားတူ ယမာန်နေ့ ဇွန်လ (၁၃)ရက်နေ့ နေ့လည် တနာရီခွဲတွင် TNLA တပ်ရင်း (၁၀၁) တပ်ဖွဲ့နှင့် အစိုးရ တပ်မ (၇၇)စစ်ကြောင်းတကြောင်း တို့သည် ကွတ် ခိုင်မြို့နယ်၊ ငေါ့ငကျေးရွာနှင့် ကျရမ်းကျေးရွာ ကြား၌ နေ့လည် (၂)နာရီ (၂၅)မိနစ်အထိ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု ၄င်းတို့က ဆိုပါသည်။
ယင်းတိုက်ပွဲများနှင့်ပါတ်သက်ပြီး အစိုးရဖက်မှ တစုံတရာ ထုတ်ဖေါ်ပြောဆိုခြင်း မရှိပေ။
သို့သော် အစိုးရတပ်များသည် ရှမ်းပြည်မြောက်ပိုင်း တွင် ဒုတိယအကြိမ် စစ်ဆင်လာခဲ့သည်မှာ (၄)လကြာလာခဲ့ပြီး ဖြစ်ပါသည်။ တပ်မ(၇၇) စစ်ကြောင်း များသည် ပဲခူးတိုင်းတွင် အခြေစိုက်ပြီး လွန်ခဲ့သော ဖေဖေါ်ဝါရီ လကတည်းက ရှမ်းပြည် မြောက် ပိုင်း စစ်ဆင်နေခြင်း ဖြစ်ပါသည်။
TNLA တပ်ဖွဲ့တို့၏ ဘိန်းတိုက်ဖျက်ရေး စစ်ဆင်ရေးတွင်လည်း တပ်မ(၇၇)တပ်ဖွဲ့များနှင့် တိုက်ခိုက်ခဲ့ရပြီး ယနေ့အထိ အစိုးရစစ်ဆင်ရေး လျှော့နည်း မရှိသည့်အပြင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားရန် ရှိနေပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။