Wednesday, June 11, 2014

ဖားကန့် တပိုင်တနိုင်ကျောက်တူးသမားများ ဇွန် ၁၂ နောက်ဆုံးထားပြီး အလုပ်ရပ်ဆိုင်းရမည်

(Kachin Waves)

ကချင်ပြည်နယ်ဖားကန့်မှော်တွင် လုပ်ကိုင်နေသည့် တပိုင်တနိုင်ကျောက် တူးသမားများအား ဇွန် ၁၂ ရက်နေ့ နောက်ဆုံး ထားပြီး ကျောက်တူးမှုများအား ရုတ်သိမ်းပေးရန် လုံးခင်းကျောက်မျက် ရုံးမှ ကြေငြာဆိုင်းဘုတ်နှင့် စာများ လိုက်ကပ်ထားသည့် အတွက် ကျောက်တူးသမားများ အခက်တွေ့နေ ကြောင်း သတင်းရရှိသည်။ 

မိုးတွင်းဖြစ်သည့်အတွက် သဘာဝဘေးအန္တရာယ်ကြောင့် ယာယီရပ်စဲထားရန် ဟု ဖားကန့်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးနှင့် ကြီးကြပ်မှုကော်မတီမှ ထုတ်ပြန်ထားခြင်းဖြစ်သည်။


“အကုန်သိမ်းခိုင်းတယ်။ မှော်မှာဆောက်ထားတဲ့ တဲတွေလည်း အကုန်ဖယ်ခိုင်းတယ်။ မဖယ်ရင် အကုန်မီးရှို့မယ်လို့ပြောတယ်။’ဟု ကျောက်လုပ်ငန်းရှင်တစ်ဦးမှဆိုသည်။ 

ထိုသို့ တပိုင်တနိုင်ကျောင်းတူးသမားများအား ရှင်းပြီးရင် ကုမ္မဏီများ ပြန်လည်လုပ်ကိုင်လာနိုင်ကြောင်း ကျောက်မျက်ရတနာလုပ်ငန်းများအသင်း(မြစ်ကြီးနား) မှ တာဝန်ရှိသူတစ်ဦးမှဆိုသည်။

ဖားကန့်မြို့ရှိ စစ်တပ်နှင့် ရဲများမှပူပေါင်းပြီး ကျောက်သမားများအား နေ့တိုင်းလိုလိုလိုက်ဖမ်းနေကြောင်းလည်းသိရသည်။ ဇွန် ၈ ရက်နေ့ညက စစ်တပ်ဘက်မှ သေနတ်ပစ်တဲ့အထိရှိခဲ့ကြောင်းလည်း ဒေသခံများမှဆိုသည်။ 

ဖားကန့်ဒေသတွင် အစိုးရနှင့် ကေအိုင်အေတို့ပြန်လည်ဖြစ်ပွားသည့် စစ်ပွဲများကြောင့် ကုမ္ပဏီများ ပိတ်ပင်ခဲ့ရပြီး မြန်မာနိုင်ငံအနှံ့ မှ ပြည်သူများ၂ သိန်းခန့်လာရောက်လုပ်ကိုင်လျှက်ရှိသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။