Tuesday, June 10, 2014

မြစ်ကြီးနား ကျောက်မျက်အချောထည်ဈေး ဇွန် ၁၄ ရက်တွင် ဖွင့်လှစ်မည်

(Mizzima)

ကချင်ပြည်နယ်မှ ကျောက်မျက်အချောထည် ရောင်းဝယ်ရေးစင်တာကို ၂၀၁၄ ခုနှစ် ဇွန်လ ၁၄ ရက်တွင် ဖွင့်ပွဲပြုလုပ်ကာ စတင်ဖွင့်လှစ်သွားမည် ဖြစ်သည်ဟု ကချင်ပြည်နယ် ကျောက်မျက်လုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးသောင်းကြည်က မဇ်္ဈိမကို ပြောသည်။

ယခင်က ဆောင်ရွက်ခွင့်မရခဲ့သည့် ကချင်ပြည်နယ်ထွက် ကျောက်မျက်ကုန်ကြမ်း(အရိုင်းတုံး)များ မြစ်ကြီး နားမြို့သို့ သယ်ယူခွင့်ကို သတ္တုတွင်းဝန်ကြီးဌာနအနေဖြင့် ခွင့်ပြုလိုက်ပြီးဖြစ်ရာ ကျောက်မျက် အချောထည် ရောင်းဝယ်ရေးစင်တာအတွက် ကုန်ကြမ်းလိုအပ်ချက် အခက်အခဲ မရှိနိုင်တော့ဟု ဇွန်လ ၉ ရက်က မဇ်္ဈိမ ၏ မေးမြန်းမှုကို ဖြေကြားသည်။


ဦးသောင်းကြည်က “ မြစ်ကြီးနားရဲ့ ကျောက်မျက်အချောထည်ဈေးက ဖွင့်ပွဲနဲ့တကွ ဖွင့်လှစ်ခွင့်ရတော့မှာ ပါ။ အရင်ကဆိုရင် ကျောက်မျက်ကုန်ကြမ်းက အခက်အခဲ ရှိတယ်လေ။ အခုတော့ မြစ်ကြီးနားကို ကျောက် မျက်(အရိုင်းတုံး)သယ်ယူခွင့်ရသွားပြီဆိုတော့ ကုန်ကြမ်းအတွက် ပူစရာမလိုတော့ဘူးပေါ့ ” ဟုပြောသည်။

ကချင်ပြည်နယ်ထွက် ကျောက်မျက်အရိုင်းထည်များကို မြစ်ကြီးနားမြို့သို့ တိုက်ရိုက်သယ်ယူခွင့် ရရှိခဲ့သော် လည်း အခွန်ကောက်ခံမည့်စနစ်နှင့် အခွန်နှုန်းထား သတ်မှတ်ချက်များကိုမူ လုပ်ငန်းရှင်များအား ရှင်းလင်း ပြောပြခြင်းမရှိသေးဟု ဦးသောင်းကြည်က ဆက်လက်ပြောသည်။

ကျောက်မျက်ရတနာများနှင့် သက်ဆိုင်သည့်အခွန်နှုန်းထားများကို ယခင်ကိုယ်ပိုင်လုပ်ကွက် ထွက်ကုန် ကြမ်းများရောင်းချရာတွင် အခွန် ၁၀ရာခိုင်နှုန်း၊ အချောထည်များ ရောင်းချရာတွင် အခွန် ၃၃ ရာခိုင်နှုန်းဖြင့် ကောက်ခံခြင်းကြောင့် အချောထည်ထုတ်လုပ်မှုတွင် အခက်အခဲများရှိသည်ဟု မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးတေဇ က ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ အတွင်းက မီဒီယာများကို ထုတ် ဖော်ပြောကြား ထားသည်။

ဦးသောင်းကြည်က “ မြစ်ကြီးနားကို ကျောက်မျက်သယ်ယူခွင့်ရလို့ အခွန်ဘယ်လိုကောက်မလဲ မသိပေမ ယ့် သယ်ယူခွင့်ရတာကတော့ အရမ်းကိုကောင်းတဲ့ အချက်ပါ။ ကုန်ချောထုတ်မယ့် လုပ်ငန်းတွေများလာရင် တော့ ဒေသခံတွေ အလုပ်အကိုင် အများကြီးရတာပေါ့ ” ဟုပြောသည်။

အဆိုပါ ကျောက်မျက်အချောထည် ရောင်းဝယ်ရေးစင်တာတွင်မှု ၁၄ ပေ၊ ပေ၂၀ ဆိုင်ခန်းပေါင်း ၁၇၇ ခန်း ပါဝင်ကာ ကျောက်မျက်ရတနာ အချောထည်များကိုသာ အဓိကထား ရောင်းချသွားမည်ဟု ၎င်းက ပြော သည်။

၂၀၁၄ ခုနှစ်၊ မတ်လ ၂၈ရက်က နိုင်ငံတော်သမ္မတ၏ အတည်ပြုချက်ဖြင့် ထုတ်ပြန်လိုက်သည့် အခွန် အကောက် ဥပဒေတွင်မူ ပြည်တွင်း၌ ရောင်းချပါက ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန်နှင့် အခြားအဖိုး တန် ကျောက်မျက်ရတနာ အရိုင်းထည်များကို ကုန်သွယ်လုပ်ငန်း အခွန် ၃၀ ရာခိုင်နှုန်းနှင့် အချောထည် များကို အခွန် ၁၅ ရာခိုင်နှုန်းဖြင့် သတ်မှတ်ထားသည်။ ပြည်ပသို့ ရောင်းချမည်ဆိုပါက အရိုင်းထည်များကို အခွန်၃၀ ရာခိုင်နှုန်းဖြင့် သတ်မှတ်ထားသော်လည်း အချောထည်များကိုမူ အခွန် ၁၀ ရာခိုင်နှုန်းသာ သတ် မှတ်ထားခြင်း ဖြစ်သည်။

ကမ္ဘာ့ကျောက်စိမ်းဈေးကွက်၏ ရောင်းဝယ်မှုများတွင် မြန်မာနိုင်ငံ၏ကျောက်စိမ်းမှာ ၉၀ ရာခိုင်နှုန်းပါဝင်နေ သော်လည်း မြန်မာနိုင်ငံမှ အချောထည်အဖြစ် ပြည်ပသို့တင်ပို့နိုင်ခြင်းမှာ မရှိသလောက် နည်းပါသည်ဟု ကျောက်မျက်လုပ်ငန်းရှင်များက ပြောသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။