Wednesday, May 21, 2014

တအာင်းတပ်မတော်(TNLA)၊ KIA(တပ်မတော်)၊ MNDAA(ကိုးကန့်တပ်မတော်)တို့ နှင့် အစိုးရတပ်တိုက်ပွဲဖြစ်ပွား

(ရွှေဟင်္သာသတင်းဌာန)

မေလ (၂၀)ရက်နေ့ က မူဆယ်မြို့ နယ်၊ မုံးကိုး မြို့နယ်ခွဲ ၊ကောင်းမူး လိုင်ကျေးရွာ အနီးတွင တအာင်း တပ်မတော် (TNLA)ကချင် တပ်မတော (KIA)MNDAA (ကိုးကန့် တပ်မတော်) ပူးပေါင်း တပ်နှင့် အစိုးရတပ် တို့ သည် နံနက် ၆း၀၀ နာရီ တကြိမ် နှင့် ၇း၀၀ တစ်ကြိမ် တိုက်ပွဲ (၂) ကြိမ် ဖြစ်ပွား ခဲ့ပြီး အစိုးရ ဘက်မှ ထိခိုက် ကျဆုံးမှုရှိ သော် လည်း စာရင်း အတိကျ မသိ ရသေး ကြောင်း (TNLA) အထွေထွေ အတွင်းရေး မှူး ဗိုလ်မှူးကြီး တာဘုန်းကျော် က ပြောပါသည်။
 
တိုက်ပွဲက ၁၉၊ ၂၀ နေ့တိုင်းဆိုသလိုဖြစ်နေတယ်။ ကျနော်တို့ (၃) ဖွဲ့ပူးပေါင်းလှုပ်ရှားတာ အစိုးရတပ်တွေက မကြိုက်ဘူးလေး အစိုးရတပ်က ကျနော်တို့ ရှိတဲ့နေရာကို လက်နက်ကြီးတွေနဲ့ ပစ်သွင်းနေတယ် ဒါပေမယ့် ကျနော် တို့က ဘာမှ ပြန်မလုပ်ပါဘူး။ ဒီအခြေနေတိုင်း ဆိုရင် စစ်ရေးတင်းမာမယ့် အနေထားတော့ ရှိတယ်ဟု ပြောပါသည်။


TNLA တပ်သည် ကျေးရွာ ပြည်သူလူထုနှင် ဝေးသည့် နေရာတွင် လှုပ်ရှားစေပြီး လူထုနှင့် အနီးနားတွင် တိုက်ပွဲမဖြစ်ရန် ရှောင်ရှားဖို့အမိန့်ပေးထားပါသည်။ အစိုးရဘက်မှ တပ်မ (၇၇)၊ (၈၈) တို့သည်လည်း TNLA ရှိရာ တောင် နှင့်တပ်စခန်းအား တောနင်းရှာ သလို ရှာပြီးလိုက် တိုက်နေ သည့် အတွက် တိုက်ပွဲအရှိန် မြှင့်လာဖွယ်ရှိကြောင်းဆက် ပြောပါသည်။

မေလ (၁၉) ရက်ကလည်း TNLA တပ်မတော်မှာ နမ့်ခမ်းမြို့နယ် ပန်းဆေးဒေသ ၀ါလိုင်းကျေးရွာရှိ ၀ါလိုင်းပြည်သူ့ စစ်နေအိမ်တွင် မူးယစ်ဆေးဝါး ၀င်ရောက်ဖမ်းဆီး ချိန်တွင် မြန်မာစစ်တပ် တပ်မ (၈၈) မှ လာရောက် ပစ်ခတ်တိုက်ခိုက် ခဲ့သည်။

ထို့ကြောင့် တအာင်း တပ်မတော်ဘက် မှလည်း စခန်းပေါ်သို့ RPG (၃)ချက် ပြန်လည်ပစ်ခတ် ခဲ့သဖြင့် နှစ်ဖက် နာရီဝက်ခန့် အပြန်အလှန် တိုက်ခိုက် မှုဖြစ်ပွားခဲ့ပြီး မြန်မာ တပ်မတော်ဘက်မှ (၁) ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိသွားကြောင်း ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောပါသည်။
ပြီးခဲ့သည့် မေလ (၁၃) ရက်နေ့ က KIA နှင့် ၀န်ကြီးဦးအောင်မင်းတို့ တွေ့ဆုံးပွဲတွင် TNLA ဘက်မှ ရှမ်းပြည်နယ် မြောက်ပိုင်း တိုက်ပွဲ ဆက်တိုက်ဖြစ်နေ သည့်အပေါ် ၀န်ကြီးဦးအောင်မင်းတို့နှင့် အလွတ်သဘောတွေ့ ဆုံကြမည်ဟု  TNLA ဘက်မှ ကမ်းလှမ်း တောင်းဆိုခဲ့ပါသည်။

ဝန်ကြီးဦးအောင်မင်း တို့ ဘက်က ကိုးကန့်အဖွဲ့နှင့်ပူးတွဲ လှုပ်ရှားဆောင်ရွက် နေသည်ကို မကြိုက်သည့်အနေထား ရှိနေသည့်အတွက် လက်ရှိအခြေနေ အတိုင်းဆိုလျှင် ၀န်ကြီးဦးအောင်မင်း တို့ဘက်မှ မအားလပ်နိုင်သေးဘူးဟု အကြောင်းပြ ထားသည်ဟု ဗိုလ်မှူးကြီးတာဘုန်းကျော်က ပြောပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။