Sunday, May 4, 2014

KIA တပ်ရင်း(၃၆) မုန်ဘော် -၀မ်ဆိုင်း တွင် တိုက်ပွဲပြင်းထန်

(Lachid Kachin) (by-N-gang)
ရှမ်းပြည် နယ်မြောက် ပိုင်း KIA, တပ်မ ဟာ (၄) လက်အောက်ခံ KIA, တပ်ရင်း (၃၆)ဒေသ၊ ၀ိန်းဆိုင်-မုန်းဘော် သို့ ရောက်ရှိနေ သောအစိုးရ စစ်တပ်မှ (၂.၄.၂၀၁၄)ရက်နေ့ ညတွင် မုံန်းဘော် -၀ိန်းဆိုင်မှ KIA, တပ်ရင်း (၃၈) ဒေသ၊ နယ်မြေ ဖြစ်သော လွယ်ဒန် ဘက်သို့ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ် နေကြောင်း မုံးဘာ် ဒေသခံ များထံမှ သိရှိရပါသည်။

ရှမ်းမြောက် KIA တပ်မဟာ(၄) နယ်မြေ မုန်ဘော် နှင့် ၀မ်ဆိုင်း ပါတ်ဝန်းကျင်တွင် မနေ့ ည (၁၀း၀၀)နာရီခန့် က တိုက်ပွဲစတင်ဖြစ်ပွားနေ ကာ လက်နက်ကြီးအသံများ အပါအ၀င် တစ်ညလုံးနီးပါးသေနတ်သံကြားနေရကြောင်း ဒေသခံများပြောသည်။ယနေ့ မနက် အစောပိုင်းတွင် တိုက်ပွဲသံ ခေတ္တငြိမ်သက်နေကြောင်း သိရပြီး နောက်ဆုံးအခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။



ယမန်နေ့ က ၀မ်ဆိုင်းကျေးရွာ အနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၀မ်ဆိုင်းရွာမှ ရွာသား (၈)ဦး အား အစိုးရတပ်မှ လာရောက်ခေါ်ဆောင်သွားပြီး ဒဏ်ရာရ စစ်သားများ အား နီးစပ်ရာ ဆေးရုံသို့ ပို့ ဆောင် ခိုင်းကြောင်း ၊ တိုက်ပွဲတွင် ကျဆုံး ဒဏ်ရာရသူများပြားကြောင်း ဒေသခံများထံမှသိရှိရပါသည်။

ရှမ်းပြည်မြောက်ပိုင်း KIA, တပ်မဟာ(၄) နယ်မြေ မုန်ဘော် နှင့် ၀မ်ဆိုင်း ကျေးရွာပါတ်ဝန်းကျင် တွင် တိုက်ပွဲများ (၂)ရက် ဆက်တိုက် ပြင်းထန်စွာဖြစ်ပွားနေသောကြောင့် မုန်ဘော် နှင့် ၀မ်ဆိုင်းကျေးရွာ အပါအ၀င် ပါတ်ဝန်းကျင်ကျေးရွာ(၁၀)ရွာ ထက်မနည်း မှ ရွာသူရွာသားများ ရာ နှင့်ချီပြီးထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ မုန်ဘော်ကျေးရွာ ဘောလုံးကွင်းတွင် စစ်ဘေးရှောင်သူများ ပြည့်ကျပ်နေပြီဖြစ်သောကြောင့် ယခုအခါ မူဆယ် နှစ်ခြင်းအသင်းတော် မှ စီစဉ်မှုဖြင့် မူဆယ် ဘက်သို့ ထွက်ပြေးတိမ်းရှောင်ရန်ပြင်ဆင်နေကြောင်း လည်းသိရှိရပါသည် ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။