Sunday, May 11, 2014

KIA တပ်ရင်း (၂ရ) နယ်မြေတွင်တိုက်ပွဲဆက်ဖြစ် ၊ အစိုးရတပ်ဖွဲ့ ဗုံးခွဲတိုက်ခိုက်ခံရ

(Lachid Kachin) (Myutsawkasa)

ကေအိုင်အေ တပ်မဟာ(၃) တပ်ရင်း(၂ရ) နယ်မြေ အူဒန်ဘွမ် အနီးတွင် ဗမာအစိုးရတပ် တပ်မ (၈၈) နှင့် မိမိ ကေအိုင်အေ တပ်ဖွဲ့ ဝင်များ မေလ(၉)ရက် မနေ့ က နေ့ လည် (၁း၀၀)နာရီ ခန့် တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကြောင်းလှည့်လာသော အစိုးရတပ် နှင့် အသင့်စောင့်နေသော ကေအိုင်အေ တပ်ဖွဲ့ များ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အစိုးရတပ်မှ ကျဆုံးမှု ရှိသော်လည်း အတိအကျ မသိရသေးပါ ။ မိမိ ကေအိုင်အေ တပ်မှ ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။

မေလ(၉)ရက် မနက် (ရး၀၀)နာရီ အချိန်ခန့်  ကေအိုင်အေ တပ်ရင်း(၂ရ) နယ်မြေ ဗိုလ်တဲကုန်း ဟုခေါ်သော နေရာ နှင့် မနီးမဝေး ခါ့ ဒုန်( Hka Dung ) မနက်ဈေး သွားသည့် လမ်းဆုံနေရာ တွင် အစိုးရ တပ်ဖွဲ့ တစ်ဖွဲ့  ဗုံးခွဲတိုက်ခိုက်ခံရပြီး အစိုးရတပ် မှ (၂) ဦးသေ (၂) ဦး ဒဏ်ရာပြင်းစွာရရှိသွားကြောင်းသိရသည် ။


-------------------------------
ရှမ်းမြောက် တပ်မဟာ(၄)နယ်မြေ တွင် ဗမာအစိုးရတပ်၏ စစ်ရေးလှုပ်ရှားမှု

မေလ(၉)ရက်နေ့  ကေအိုင်အေ တပ်မဟာ(၄) ရင်း(၃၆) နယ်မြေ ဖိုင်ကောင်းကျေးရွာသို့  ဗမာအစိုးရတပ် ခလရ( ၁၂၃) နှင့် ခမရ (၅၀ရ) ပူးပေါင်းတပ်ဖွဲ့  အင်အား (၁၀၀)ခန့် ရောက်ရှိနေကြောင်း သိရသည် ။

ရှမ်းမြောက် မုန်ဘော် နှင့် ၀င်းဆိုင် ဒေသတို့ တွင် ထိုးစစ်ဆင်နေသော ဗမာအစိုးရတပ် အင်အား(၈၀)ခန့် သည် မေလ(၉)ရက်နေ့ က ကေအိုင်အေ တပ်ရင်း (၃၆)နယ်မြေ မိုင်ဖန်ကျေးရွာသို့ ဝင်ရောက်သွားကြောင်းသိရသည်။

ရှမ်းမြောက် ကေအိုင်အေ တပ်မဟာ(၄)နယ်မြေ ရင်း (၃၆) နယ်မြေ လွိုင်ဒန်ဘွမ် သို့  ဗမာတပ် ခမရ (၃၂ရ) တပ်ဖွဲ့ အင်အား (၆၀)ခန့်  မေလ(၉)ရက်နေ့ က ရောက်ရှိလာကြောင်းသိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။