Thursday, May 1, 2014

(၃၀.)ရက်နေ့  ရှမ်းမြောက် KIA တပ်မဟာ(၄) နယ်မြေ တိုက်ပွဲဖြစ်ပွားမှုအခြေအနေ

(Lachid Kachin)
(mungmyit bumhku)



(၁) ယနေ့ မနက်အစောပိုင်း တွင် နမ်အွမ် နှင့် မုန်ဘော် အကြား ကောင်းခါးကျေးရွာ အနီးတွင် ကေအိုင်အေ တပ်ရင်း(၉)တပ်ဖွဲ့ ဝင်များ နှင့် အစိုးရတပ် စစ်ကြောင်း တို့ အနီးကပ် ရင်ဆိုင် တိုက်ပွဲဖြစ် ။

(၂) မနက် (၈း၀၀)နာရီ ခန့် တွင် ဘန်ဆိုင်းကျေးရွာအနီး ဘန်ခါကျေးရွာသို့ အထွက် လမ်းဆုံတွင် နာရီဝက်ခန့် ကြာ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွား ။

(၃) နေ့ လည် (၁၂း၃၀)နာရီ ခန့် တွင် ကောင်းယောင်ကျေးရွာ နှင့် ခါ့ဖောက်ကျေးရွာ အနီး အသင့်စောင့်ဆိုင်နေသော ကေအိုင်အေ တပ်ဖွဲ့ ဝင်များ နှင့် အစိုးရတပ် စစ်ကြောင်းတို့ တိုက်ပွဲပြင်းထန်စွာထပ်မံဖြစ် ။

(၄) မွန်းလွဲ (၁း၃၀)နာရီ တွင် နမ့်တောင်းကျေးရွာ နှင့် ကောင်းခါး ကျေးရွာအကြားတွင် တိုက်ပွဲထပ်မံဖြစ်ပွား ။

(၅) ညနေပိုင်းတွင် ဖိုင်ကောင်းကျေးရွာ အထက်ပိုင်း ခလမ် ဟုခေါ်သော နေရာတွင် အင်အားဖြည့်တင်းရန် ၀င်ရောက်လာသော အစိုးရတပ် စစ်ကြောင်းတစ်ခုအား ကေအိုင်အေ မျိုးချစ်တပ်ဖွဲ့ ဝင်များ က ပြောက်ကျားစနစ်ဖြင့် ၀င်ရောက်တိုက်ခိုက်သောကြောင့် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။

လောလောလတ်လတ် ယခု သတင်းရေးသားနေချိန်တွင် မူဆယ် (၁၀၅)မိုင် မှ တဆင့်တက်လာသော အစိုးရ စစ်ယာဉ်တန်းသည် နမ့်တောင်းကျေးရွာ ဘက်သို့ ဦးတည်ကာ တက်သွားနေကြောင်း သိရသည်။ အဆိုပါ ယာဉ်တန်းတွင် တစ်စီးလျှင် အစိုးရစစ်သား (၃၀)ဦးထက်မနည်းပါသော စစ်ကား (၅)စီး ပါဝင်ကြောင်း ထပ်မံသိရှိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။