Saturday, May 10, 2014

ရှမ်းမြောက် KIA တပ်မဟာ (၄)ဒေသတွင် SSA နှင့် အစိုးရတပ်တိုက်ပွဲ ဖြစ်

(Lachid Kachin)


ရှမ်းပြည်နယ်မြောက်ပိုင်း KIA,တပ်မဟာ(၄) ဒေ သ ဖြစ်သော နောင်တောင်း
ဒေသသို့ ထိုးစစ် ဆင်ကျူးကျော် ၀င်ရောက် လာ သော မြန်မာ အစိုးရ စစ်တပ်
နှင့် ၄င်းဒေသ တွင် လှုပ်ရှားနေသော KIA, ၏ မဟာမိတ် စစ်တပ် ဖြစ်သော SSA/sspp တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားကြောင်း သိရှိရပါသည်။

၂၀၁၄၊ မေ လ ၊ ၉ ရက်နေ့ နံနက် (၈) နာ ၇ီ အချိန် ရှမ်းပြည်နယ်မြောက်ပိုင်း
KIA, တပ်မဟာ (၄) အုပ်ချုပ်ဒေသ ဖြစ်သော နောင်သောင်း ဒေသ သို့ အစိုးရ စစ်သား များ ကျူးကျော်ဝင်ရောက်လာ ရာ နောင်တောင်း နှင့် ဘန်ခမ်း 
အကြားရှိ ဂတုန်ဂါတ် အရောက် တွင် အသင့် စောင့် ကြို နေ သော ၄င်းသေဒ
တွင် ပူးပေါင်း စစ်ရေးတာဝန်ယူလှုပ်ရှားနေ သောKIA, ၏ မဟာ မိတ် စစ်တပ် ဖြစ်သည့် SSA/SSPP တပ်ဖွဲ့ ၀င်များမှ ရီမွတ်ကွန်ထရိုး မိုင်း ဖြင့် 
ဆီးကြို တိုက်ခိုက် ရာ အစိုးရ စစ်တပ် ဘက် မှ(၃)ဦး ဒဏ်ရာရရှိပြီး (၁)ဦး
သေ ဆုံးကြောင်း KIA, တပ်မဟာ (၄) အရာရှိများထံ မှ သတင်းရရှိပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။