Saturday, May 3, 2014

အစိုးရ စစ်တပ်လက်ထဲမှ KIA တပ်ရင်း (၂၇) ၏ ရှေ့တန်းစခန်းအချို့ အားKIA ပြန်လည်သိမ်းပိုက်နိုင်

(by-Lachid Kachin)
ဧပြီလ အတွင်း မြန်မာ အစိုးရ စစ်တပ်မှ KIA, တပ်မဟာ (၃) လက်အောက်ခံ KIA, တပ်ရင်း (၂၇) ဒေသအား စစ်အင်အား လက်နက်အင်အား အလုံးအရင်း ဖြင့် အသုံးပြု ကာ မတရား ကျူးကျော် ထိုးစစ်ဆင် ခဲ့ ခြင်းကြောင့် KIA, တပ်ရင်း (၂၇) ၏ ရှေ့တန်း လုံခြုံရေး စခန်း အချို့ အား ခေတ္တ ဆုတ်ခွာ ပေးခဲ့ ရ ကြောင်းသိရှိရ ပါသည်။

ယခုအခါ ၄င်းဆုတ်ခွာ ပေးခဲ့ရ သော KIA, တပ်ရင်း(၂၇) ၏ရှေ့တန်း စခန်း များ အနက် အချို့ အား KIA, တပ်ရင်း (၂၇) က ဗမာ အစိုးရ စစ်တပ် များ ထံ မှ ပြန်လည် တန်ပြန် တိုက်ခိုက် သိမ်းပိုက် ယူနိုင် ပြီ ဖြစ်ကြောင်း KIA, တပ်ရင်း (၂၇) ရှေ့တန်း အရာရှိများထံမှ သတင်းရရှိပါသည်။



မြန်မာ အစိုးရ စစ်တပ် ၏သိမ်းပိုက်ထားခြင်းခံထားရသော KIA, တပ်ရင်း (၂၇)၏ ရှေ့တန်း စခန်း များအနက် လခွမ်းဘွမ် ၊ ကျောက်ဖျား နှင့် နားလုံ စသည့် စခန်းများအား KIA, တပ်ရင်း (၂၇) တပ်ဖွဲ့ ၀င်များသည် (၂၀၁၄၊မေလ၊ ၁-၂) ရက်နေ့ တို့ ၌ မြန်မာ အစိုးရ စစ်တပ်၏ လက်မှ ပြန်လည် တန်ပြန် တိုက်ခိုက်သိမ်းပိုက် ယူလိုက် နိုင်ပြီ ဖြစ်ကြောင်း KIA, တပ်ရင်း (၂၇) ရှေ့တန်းအရာရှိများထံ မှ သတင်းရရှိပါသည်။


သို့သော် အချို့ စခန်းများမှာ အစိုးရ စစ်တပ် မှ သိမ်းပိုက်ထားဆဲ ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။