Tuesday, May 20, 2014

အစိုးရနှင့် ကေအိုင်အိုတို့ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေး အဖွဲ့ဖွဲ့ရာတွင် နှစ်ဖက်ဘက်မလိုက်ရန် လိုအပ်

(Mizzima)

အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေး အဖွဲ့ဖွဲ့ရာတွင် နှစ်ဦးနှစ်ဖက်ဘက်မလိုက်ရန် အဓိကလိုအပ်သည်ဟု ငြိမ်းချမ်းရေး စောင့်ကြည့်ရေးအဖွဲ့များက ပြောဆိုလိုက်သည်။

အစိုးရနှင့် ကေအိုင်အိုတို့သည် မေလ ၁၃ ရက်တွင် မြစ်ကြီးနားမြို့၌ တွေ့ဆုံဆွေး နွေးပွဲအပြီး ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့ရန် သဘောတူလိုက်သည်။ ယင်းအဖွဲ့ကို နှစ်ဖက်ကိုယ်စားလှယ် ငါးဦးစီဖြင့် မေလ ၂၁ ရက်တွင် တရားဝင်ဖွဲ့စည်းပြီး အခြေခံ မူ(၅)ချက်နှင့် စည်းကမ်း ၁၈ ချက်ကို ရေး ဆွဲမည်ဖြစ်သည်။


ကယားငြိမ်းချမ်းရေး လေ့လာစောင့် ကြည့်ရေးအဖွဲ့ဝင် ဦးပလူးရယ်က “ကိုယ့် အဖွဲ့ဘက်ကို ကိုယ်ဘက်မ လိုက်ဖို့က အရေးကြီးပါတယ်။ လူမွေးတာမျိုးပေါ့။ နောက်ငြိမ်းချမ်းရေးကို ဘယ်လိုချဉ်းကပ် မလဲဆိုတဲ့ နည်း စနစ်ကလည်း လိုအပ်ပါ တယ်” ဟု ပြောသည်။

အစိုးရနှင့် ကေအိုင်အိုတို့ ပဋိပက္ခညှိ နှိုင်းဖြေရှင်းရေးအဖွဲ့ဖွဲ့ခြင်းမှာ ၂၀၁၃ခုနှစ် အောက်တိုဘာ ၁၀ ရက် သဘောတူညီ ချက်ပါ “ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေး ယန္တရား” ပထမအဆင့်ကို အကောင်အ ထည်ဖော် ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအဖွဲ့ များကို မြို့နယ် ၂၀တွင်ဖွဲ့စည်းရန်ဦးဆောင် နေသူ ဆလိုင်းအိုက်ဇင်ခင်က “လိုက်နာ သင့်တဲ့အချက် ငါးချက်ရှိပါတယ်။ နှစ်ဖက် ဘက်မလိုက်ဖို့လိုတယ်။ နိုင်ငံတကာ လူ့ အခွင့်အရေးနဲ့ ကိုက်ညီရမယ်။ လူသားချင်း စာနာထောက်ထားရမယ်။ နှစ်ဖက်သဘော တူညီချက်တွေကိုလိုက်နာရမယ်။ အကြမ်း ဖက်တဲ့နည်းလမ်းတွေကို အသုံးမပြုရဘူး” ဟု အကြံပြုသည်။

တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ အတွင်းရေးမှူး ဒေါ်ဒွဲဘူ (အင်ဂျန်းယန် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ကတော့ နှစ်ဖက်သဘောတူ ထုတ် ပြန်ချက်၊ စည်းကမ်းချက်များကို ပြည့်ဝစွာ လိုက်နာရန်လိုအပ်သော်လည်း လိုက်နာ မှုအားနည်းနေကြသည်ဟု သုံးသပ်ပြော ဆိုသည်။

ယင်းအဖွဲ့အနေဖြင့် ပဋိပက္ခများ၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် သတင်းအချက် အလက်များကိုလည်း ပြည်သူလုထု သိရှိ စေရန် လုပ်ဆောင်ပေးသင့်သည်ဟု ငြိမ်း ချမ်းရေးစောင့်ကြည့်ရေးအဖွဲ့များက ထုတ် ဖော်ပြောဆိုကြသည်။

ကချင်ပြည်နယ်ငြိမ်းချမ်းရေး အကျိုး တော်ဆောင် ဦးလမိုင်ဂွန်ဂျာ၏ ပြောကြား ချက်အရ အစိုးရနှင့် ကေအိုင်အိုတို့ တွေ့ ဆုံဆွေးနွေးအပြီး ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ ဖွဲ့ပြီးချိန်မှသာ လိုအပ်သည့်အချက်များ အပေါ် ဖြည့်စွက်အကြံပေးသွားမည်ဖြစ်ပြီး ယင်းအဖွဲ့တွင် ရပ်မိရပ်ဖများ ပါဝင်နိုင် သည်ဟု သိရသည်။

အစိုးရနှင့် ကချင်လွတ်မြောက်ရေး တပ်မတော်(ုKIO)တို့အကြား ပြီးခဲ့သည့် ၂၀၁၄ခုနှစ် ဧပြီလ ၁၀ရက်မှ ၁၈ရက်ခန့် အထိ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဒုက္ခသည် ၅,၀၀၀ ကျော် ရွှေ့ပြောင်းနေ ထိုင်ခဲ့ရသည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြန်ဖြစ်ခြင်းကြောင့် ကေအိုင်အိုက အစိုးရ နှင့် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းခဲ့ပြီး မေလ ၁၃ ရက်တွင် နှစ်ဖက်တွေ့ဆုံဆွေး နွေးခဲ့ကာ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့ရန် သဘောတူညီချက်ကို ထုတ်ပြန်ကြေ ညာခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။