Friday, May 9, 2014

လတ်တလော ကချင်ဒေသ ဗမာအစိုးရတပ် လှုပ်ရှားမှု

(Lachid Kachin)

ဗမာအစိုးရတပ် တပ်မ(၈၈) လက်အောက်ခံတပ် ခမရ(၃၀၁) မှ အင်အား (၁၅၀) ခန့် ပါတဲ့ စစ်ကြောင်း မေလ (ရ)ရက် မနေ့ က ကေအိုင်အေ တပ်မဟာ(၃) တပ်ရင်း (၂ရ) နယ်မြေ မန်ဝိန်း -ကောင်းခန်း တွင် စခန်းချထားသော အစိုးရတပ်စခန်း သို့  အင်အားဖြည့်တင်းရန် ၀င်ရောက်လာကြောင်းသိရပါတယ်။ ရှမ်းမြောက် နမ့်ခမ်းဘက် မှ တက်လာသော စစ်ကြောင်းဖြစ်ကြောင်းသိရပါတယ်။

ဗန်းမော် ထောက်ပို့ တပ် မှ ရိက္ခာအပြည့်တင်ထားသော စစ်ကား(၉)စီး ကေအိုင်အေ တပ်မဟာ(၃) နယ်မြေ စိန်လုံဘွမ် အစိုးရတပ်စခန်းသို့ ရောက်ရှိနေကြောင်းသိရသည်။

စစ်သုံးလေယာဉ်များ အသုံးပြုကာ ယမန်နေ့ က လာရှိုးလေဆိပ် သို့  လက်နက် ခဲယမ်း ရိက္ခာများ ခေါက်တုံ့ ခေါက်ပြန် သယ်ပို့ နေကြောင်း စစ်ဘက်အရာရှိများ နှင့် နီးစပ်သူများ မှ သိရသည် ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။