Tuesday, May 13, 2014

အစိုးရနှင့် ကချင်စစ်ပွဲများ အရေး ဆွေးနွေး ရန် မြစ်ကြီးနား သို့ နှစ်ဖက်ခေါင်းဆောင် များရောက်ပြီ

(Mizzima)

ကချင်ပြည် နယ်နှင့် ရှမ်းပြည် နယ်မြောက် ပိုင်း တွင် တိုက်ပွဲ များ ဖြစ်ပွား လာမှု အပေါ် ပြန်လည် သုံးသပ်ကြရန် အတွက် ကချင် လွတ်လပ်ရေး အဖွဲ့ KIOမှ ဒုတိယ စစ်ဦးစီး ချုပ် ဗိုလ်ချုပ် ဂွမ်မော်၊ ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် ဦးဆွမ် လွတ်ဂမ် ဦးဆောင်သော ကိုယ်စား လှယ် ၉  အပါ အဝင် လုံခြုံရေး တပ်သား ၅ဝ ခန့် သည် မေလ ၁၂ ရက် ညနေ ၄နာရီခန့် တွင် မြစ်ကြီးနားမြို့ သို့ ရောက် ရှိနေပြီ ဖြစ်သည်။


ကုလသမဂ္ဂမှ မစ္စ မာရီယန်နှင့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG)ကိုယ်စားလှယ်များက KIO ခေါင်းဆောင်များများကို သွားရောက်ကြိုဆိုခဲ့သည်။ ကချင်ပြည်သူလူငယ်များက ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာအထိ သွားကြောက် ကြိုဆိုခဲ့ပြီး ထောင်နှင့်ချီသည့် ကချင်ပြည်သူလူထုများကလည်း ဝိုင်းမော်မြို့မှ မြစ်ကြီးနားမြို့ မနောကွင်အထိ ကြိုဆိုခဲ့ပြီး ကချင်ဘာသာဖြင့် ဆုတောင်းကြိုဆိုကြသည်။

“ခုန ၂ နာရီခွဲလောက်မှာ မြစ်ကြီးနားရောက်ပါတယ်။ အရင်ပါနေကျခေါင်းဆောင် ၉ ဦး ပါလိမ့်မယ်။ ကချင်လူထုတွေက အင်နဲ့အားနဲ့ လာကြိုဆိုကြလို့ လမ်းခရီးက ဖြည်းဖြည်းလေး လာခဲ့ရတယ်"ဟု ဦးဆန်အောင်က ပြောသည်။

အစိုးရအဖွဲ့နှင့် KIOတို့သည် မေလ ၁၃ ရက်နှင့် ၁၄ ရက်များတွင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ကချင်မနောကွင်း မဂျွယ်ခန်းမတွင် တွေ့ဆုံကာ ၂ဝ၁၃ ခုနှစ် မေလမှ အောက်တိုဘာလအတွင်း သဘောတူညီမှု ရယူခဲ့သော အချက် ၇ ချက်မှ အကောင်အထည် မဖော်နိုင်သေးသော အချက်များကို အဓိကထား ဆွေးနွေးသွားမည်ဟု ဦးဆန်အောင်က ပြောသည်။

အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UWPC) ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များကလည်း ယနေ့ နံနက် ၁ဝ နာရီခွဲချိန်တွင် မြစ်ကြီးနားမြို့သို့ ရောက်ရှိပြီဟု UPWC နည်းပညာအထောက်အကူပြုအဖွဲ့မှ ဦးလှမောင်ရွှေက ပြောသည်။

မေလ ၁၃ရက်တွင် ဆွေးနွေးမည့်ကိစ္စအတွက် ၁၂ရက် ညနေပိုင်းတွင် အကြို ဆွေးနွေးမှုများလည်း ပြုလုပ်နေပြီဖြစ်သည်။

ဆွေးနွေးပွဲသို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဆလိုင်း လျန်မှုန်းဆခေါင်၊ ပဒိုကွယ်ထူးဝင်းများ တက်ရောက်မည် ဖြစ်ပြီး ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဗီယားနှင့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံမှ Mr Wang Yingfan တို့လည်း တက်ရောက်မည်ဟု သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။