Thursday, May 15, 2014

တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေ၍ ကချင်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ၌ မြေမြှုပ်မိုင်းများ ဆက်လက်အသုံးပြုနေ



(Eleven Media Group)

ကချင်နှင့်ရှမ်းပြည်နယ် (မြောက်ပိုင်း)သည် မြန်မာနိုင်ငံ၌ မြေမြှပ်မိုင်းထောင်မှု အများဆုံးဒေသများဖြစ်ပြီး ဆက်တိုက်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နှစ်ဖက်စလုံးတွင် လက်ရှိအချိန်အထိ မြေမြှပ်မိုင်းများ အသုံးပြုလျက်ရှိနေသေးကြောင်း ယူနီဆက် (မြန်မာ)မှ ထုတ်ပြန်ချက်အရ သိရသည်။


ကချင်ပြည်နယ်တောင်ပိုင်း မံဝိန်းကြီးဒေသအတွင်း တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တို့အကြား မကြာမီက အပြန်အလှန်ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် ကလေးသူငယ် ၁ဝဝဝ ခန့် အပါအဝင် ပြည်သူအများအပြားသည် ၎င်းတို့ယာယီ ရွှေ့ပြောင်းနေထိုင်သည့် နေရာများမှ တဖန်ပြောင်းရွှေ့ထွက်ခွာခဲ့ရကြောင်းနှင့် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုအရှိန်အနည်းငယ် လျော့ကျသွားသော်လည်း အခြေအနေများ မှာ ဆက်လက်တင်းမာနေဆဲ ဖြစ်သည်။



“ကချင်နဲ့ရှမ်း (မြောက်) ကပြည်တွင်းမှာ မြေမြှပ်မိုင်းထောင်မှု အများဆုံးဒေသတွေဖြစ်ပြီး အခုချိန်ထိမြေမြှပ်မိုင်းတွေ အသုံးပြုနေဆဲပဲ။ အရင်ကကျန်နေတဲ့ မြေမြှပ်မိုင်းတွေအပြင် ရည်ရွယ်ချက်နဲ့ထောင်ထားတဲ့ မြေမြှပ်မိုင်းတွေက ကလေးသူငယ်များအပါအဝင် ဘေးအန္တရာယ်ကျရောက်နေတဲ့ ဒေသခံတွေကိုပါ အန္တရာယ်ဖြစ်စေပါတယ်။ နောက် လူမှုအဖွဲ့အစည်းတွေက အကူအညီတွေပေးတဲ့ နေရာမှာလည်း အဟန့်အတားဖြစ်စေပါတယ်” ဟု ယူနီဆက် (မြန်မာ) ဌာနေကိုယ်စားလှယ် မစ္စတာဘက်ထရန်ဗိန်းဘဲ(လ်)က ပြောကြားသည်။


မြန်မာနိုင်ငံသည် မြေမြှပ်မိုင်းဗုံးကြောင့် လူဦးရေ ၁ဝဝ နှင့်အထက် သေကျေပျက်စီးသည့် နိုင်ငံများအနက် ပဉ္စမနိုင်ငံအဖြစ် ရပ်တည်နေကြောင်း၊  ပြီးခဲ့သည့်နှစ်များအတွင်း မြေမြှပ်မိုင်းဗုံးကြောင့် လူဦးရေ ၁ဝဝ နှင့် အထက် သေကျေပျက်စီးသည့် နိုင်ငံရှစ်နိုင်ငံအနက် အာဖဂန်နစ္စတန်နိုင်ငံသည် လူဦးရေ ၁၂၁၁ ဦးဖြင့် ပထမနေရာတွင် ရပ်တည်နေပြီး ကိုလံဘီယာနိုင်ငံသည် လူဦးရေ ၅၁၂ ဦးဖြင့် ဒုတိယနေရာ၌ လည်းကောင်း၊ ပါကစ္စတန်နိုင်ငံသည် လူဦးရေ ၃၉၄ ဦးဖြင့် တတိယနေရာ၌လည်းကောင်း၊ ၊ အီရန်နိုင်ငံသည် လူဦးရေ ၁၅၈ ဦး ဖြင့် ဆဌမနေရာ၌လည်းကောင်း၊ ဆိုမာလီယာနိုင်ငံသည် လူဦးရေ ၁၅၄ ဦးဖြင့် သတ္တမ နေရာ၌လည်းကောင်း၊ လာအိုနိုင်ငံသည် လူဦးရေ ၁၁၇ ဦးဖြင့် အဌမနေရာတွင် ရှိနေကြောင်း  HANDICAP International အဖွဲ့မှ ထုတ်ပြန်ချက်များအရ သိရသည်။

“မြေမြှပ်မိုင်းတွေမှာတောင် လက်လုပ်မိုင်းနဲ့ စက်ရုံထုတ်မိုင်းဆိုတာ ရှိပါတယ်။ စက်ရုံထုတ်မိုင်းဆိုရင် နှစ်ပေါင်းများစွာ ခံတယ်။ပြီးတော့ မိုင်းတွေက ဒေသအသီးသီးမှာသုံးတဲ့ အမျိုးအစားတွေ မတူပါဘူး။ ဥပမာ- လက်လုပ်မိုင်းမှာတောင် ကရင်ပြည်နယ်တောင်ပိုင်း နဲ့မြောက်ပိုင်းမှာ ထောင်တဲ့ မိုင်းက မတူနိုင်ပါဘူး” ဟု Myanmar Peace Center မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။


ထို့ပြင် နိုင်ငံပေါင်း ၁၁၆ နိုင်ငံက ၁၉၉၇ ခုနှစ် မြေမြှပ်မိုင်းတားဆီးရေးစာချုပ်ကို လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း၊ နိုင်ငံပေါင်း ၁၁၁ နိုင်ငံက ၁၉၉၇ ခုနှစ် လွှင့်စင်ပေါက်ကွဲလက်နက်များဆိုင်ရာ စာချုပ်ကို လက်မှတ်ရေးထိုးထားကြောင်း၊ နိုင်ငံပေါင်း ၈၁ နိုင်ငံ က သမားရိုးကျလက်နက်များဆိုင်ရာ စာချုပ်စစ်ကျန် လက်နက်ပစ္စည်းဆိုင်ရာ နောက်ဆက်တွဲ စာချုပ်အမှတ် (၅) ကို လက်မှတ်ရေးထိုးထားကြောင်းနှင့် နိုင်ငံပေါင်း ၁၅၇ နိုင်ငံက မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ သဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးထားပြီး

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။